၃၅သန်း တင်တောင်ခဲ့ရတဲ့ ထိုင်းမင်းသမီးရဲ့မင်္ဂလာပွဲ




ထိုင်းနိုင်ငံမှ နာမည်ကြီး သရုပ်ဆောင် မင်းသမီး ချူမ်းဖူး အရယာနဲ့  ခြောက်နှစ်ခန့်  တွဲလာခဲ့သူ သန်းကြွယ်သူဌေး သတို့သားက သူတို့ နစ်ဦးရဲ့  စေ့စပ်ပွဲကို ဘန်ကောက် မြို့ လည်က ကြယ်ငါးပွင့် အကောင်းဆုံး ဟော်တည်ကြီး The Peninsula Bangkok မှာ မေလ ၆ ရက် မနက်က ကျင်းပခဲ့ပါတယ်။ 

မင်းသမီးကို သတို့သား ဘက်က ဘတ် ၃၅ သန်းတန်ဖိုးရှိ ချူမ်းဖူး စိန်တဆင်စာ၊ ဘတ် သန်းပေါင်း ၆၀ တန်ဖိုးရှိ မြေကွက်နဲ့ ကွန်ဒိုတိုက်ခန်း အပါအ၀င် ရွှေထည်၊ ငွေထည်၊ ငွေသားတွေပါ စုစုပေါင်း ဘတ် သန်းပေါင်း ၁၀၈ သန်း တင်တောင်း ခဲ့တယ်လို့ ထိုင်း သတင်းတွေမှာ ဖော်ပြပါတယ်။ 

ဒါ့အပြင် ဒီကနေ့ စေ့စပ်ပွဲမှာ သတို့သား ဘက်က အက်စ် ၃၀၀ အမျိုးအစား ကား ၁၀ စီးနဲ့ ရောက်ရှိလာပြီး သတိုးသားအရန် ၃၀ ဦး၊ သတိုးသမီးအရန် ၅၀ ဦးတို့ ပါဝင်ကာ ဆွဲကြိုးတားတဲ့ ဂိတ်ပေါင်း ၁၀ ဂိတ်နဲ့ ခမ်းခမ်းနားနား ကျင်းပခဲ့တယ်လို့ ဆိုပါတယ်။ အနုပညာ လောကက သရုပ်တွေ အများဆုံး တက်ရောက်ကြတဲ့  မင်္ဂလာပွဲ ဖြစ်ခဲ့သလို ကြေးအကြီးဆုံး တင်တောင်းရတဲ့ ထိုင်းမင်းသမီး စာရင်းဝင်သွားခဲ့ပါတယ်။

Social Action for Women

မှတ်ချက်များ