အကြိုက်ဆုံးအဆိုတော် ရဲ့ သီချင်းနဲ့ ဝိတ်ကျသွားခဲ့သူ



ပေါင်ချိန် ၆၇၅ ကျော်နေတဲ့  လူဝကြီး Ronnie Brower ရော်နီ တယောက်ကတော့ ရက်ပေါင်း ၅၀၀ အတွင်းမှာ ပုံမှန်ကိုယ်လုံးအချိုးစားထိ ပြန်ရောက်အောင် ၀ိတ်ချနိုင်ခဲ့သူဖြစ်ပါတယ်။
ကျောင်းဆရာတယောက်ဖြစ်တဲ့ ရော်နီဟာ ကိုယ်အလေးချိန် အလွန်ဝ လာခဲ့တာကြောင့် သူ အလုပ်အကိုင်ကနေ အနားယူခဲ့ရပြီး အရက်နဲ့  မူးရစ်ဆေးဝါး စွဲသွားပါတော့တယ်။

ဆရာဝန်တွေက သူခုလိုဆက်ဝနေတယ်ဆိုရင် အသက်အန္တရယ် ထိခိုက်စေနိုင်တာကို သတိပေးခဲ့ပါတယ်။
သူစတင်ဝိတ်ချဖို့ ကြိုးစားခဲ့တာကတော့ အားကစားကလပ်တခုမှာ သူအကြိုက်ဆုံး အဆိုတော် Taylor Swift ရဲ့  Shake It Of ဆိုတဲ့သီချင်းကို နားကြပ်နဲ့  နားထောင်ပြီး ဆက်တိုက် မနေမနား လေ့ကျင့်ခဲ့တာပါ။

ရက်ပေါင်း ၅၀၀ အတွင်း အံ့မခန်း ပေါင်ချိန် ၄၀၀ကျော် ချနိုင်ခဲ့သူမို့  အဆိုတော် တေလာက သူသီဆိုဖျော်ဖြေမည့် ပွဲတခုမှာ ရော်နီကို ပွဲထုတ်ပြီး ဂုဏ်ပြုပေးဖို့ တောင် စီစဉ်နေပါတယ်။

Social Action for Women - SAW

မှတ်ချက်များ