တိုနေဒိုကြောင့် မက်ဆီကိုတွင် လူ ၁၃ ဦးသေဆုံး




မက်ဆီကို နိုင်ငံ မြောက်ပိုင်း နယ်စပ်မြို့ Ciudad Acuna တွင် တိုနေဒို မုန်တိုင်းကျရောက်တဲ့အတွက် အနည်းဆုံး လူ ၁၃ ဦးသေဆုံးသွားပါတယ်။

Texas ပြည်နယ် Del Rio နယ်စပ်နဲ့ မျက်နှာချင်းဆိုင်Coahuila ပြည်နယ်မှာ အိမ်ပေါင်း ရာနဲ့ချီ ပျက်စီးသွားပါတယ်။

လူကြီး ၁၀ ဦးနဲ့ ကလေး ၃ ဦးသေဆုံးခဲ့ပြီး မွေးကင်းစ ကလေးငယ် ၁ ဦး ပျောက်ဆုံးနေကာ လူပေါင်း ၁၅၀ လောက် ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း Coahuila ပြည်နယ် အုပ်ချုပ်ရေးမှူး Ruben Moreira က ပြောပါတယ်။

BBC Burmese

မှတ်ချက်များ