အမျိုးသမီး ၃ ပုံ ၁ ပုံ ဟာ အသက်၄၀ ၀န်းကျင်မှာ ချစ်တင်းနှီးနှောဖို့ မလုံခြုံမှုတွေကို ခံစားလာရ


အမျိုးသမီးတွေရဲ့ လိင်ပိုင်းဆိုင်ရာ စိတ်ဝင်စားမှုတွေဟာ အရင်သိထားတာတွေထက် ၁၅ နှစ်ခန့် စောနေတယ်လို့ သတင်းတစ်ခုအရ သိရပါတယ်။

အရင်တုန်းက သိခဲ့ရတာကတော့ အမျိုးသမီးတွေဟာ အသက် ၃၀ ကျော်ကနေ ၄၀ ၀န်းကျင်အတွင်းမှာ လိင်ဆက်ဆံမှုဆိုင်ရာ ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေရှိတယ်လို့ ဆိုခဲ့ပေမယ့်လည်း တကယ်တော့ အမျိုးသမီးတွေဟာ အသက်အရွယ် ကြီးမြင့်လာတာနဲ့ အမျှ ချစ်တင်းနှီးနှောရာမှာ မလုံခြုံမှုတွေကို ခံစားလာရတယ်လို့ သိရပါတယ်။

Menopause လို့ခေါ်တဲ့ အမျိုးသမီး ရောဂါ တစ်မျိုးဟာ အသက် ၄၀ ၀န်းကျင် အမျိုးသမီးတွေမှာ အဖြစ်များပြီး ထိုရောဂါလက္ခဏာကတော့ အမျိုးသမီးတွေအနေနဲ့ ဆွဲဆောင်မှု မရှိတော့သလို ခံစားရစေပြီး သူတို့ရဲ့ ခန္ဓာကိုယ်မှာ ဖြစ်ပေါ်တဲ့ ပြောင်းလဲမှုတွေကြောင့် ချစ်တင်းနှီးနှောလိုစိတ် ပျောက်ကွယ်သွားစေတတ်ပါတယ်။

Healthspan လို့ခေါ်တဲ့ ဗီတာမင် ကုမ္ပဏီတစ်ခုက ထုတ်ပြန်ခဲ့တာကတော့ အမျိုးသမီး ၃ ပုံ ၁ ပုံ ခန့်ဟာ အသက် ၄၀ မှာ menopause ရောဂါကို စတင်ခံစားရပြီးတဲ့နောက် အခြား ဆက်စပ်ရောဂါတွေကိုတော့ အနှစ် ၂၀ ခန့် ဆက်လက် ခံစားရကြတယ်လို့ သိရပါတယ်။

ထို အမျိုးသမီးတွေရဲ့ ၇၅ ရာခိုင်နှုန်းခန့်ကတော့ သူတို့မှာ menopause ရောဂါဖြစ်ပွားခဲ့ခြင်းက သူတို့ရဲ့ အိမ်ထောင်ရေးတွေကို ထိခိုက်စေခဲ့တယ်လို့ သိရပါတယ်။
များသောအားဖြင့် အမျိုးသမီးတွေဟာ အသက် ၂၀ ၀န်းကျင်တွေမှာသာ လိင်ဆက်ဆံဖို့ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိတတ်ကြပြီး သူတို့ရဲ့ အသက် ၄၁ ကနေ ၄၅ နှစ်အတွင်းအချိန်တွေဟာတော့ လိင်ဆက်ဆံဖို့ အဆိုးရွားဆုံး ကာလတွေပဲ ဖြစ်ပါတယ်။

Trend Myanmar

မှတ်ချက်များ