မော်လမြိုင် ရေကြောင်းလမ်းသုံးသူတွေ အခက်တွေ့နေ


မွန်ပြည်နယ်မှာ အစိုးရပိုင် သင်္ဘောတွေနဲ့ ဇက်ရေယာဉ်တွေ ပြေးဆွဲတာကို ရပ်နားလိုက်တဲ့အတွက် နေ့စဉ် ခရီးသွားလာကြသူတွေ အခက်တွေ့နေကြပါတယ်၊

ပြီးခဲ့တဲ့လပိုင်းက ရခိုင်ပြည်နယ်မှာ အောင်တံခွန်သင်္ဘောမှောက်တာကြောင့် လူအများအပြားသေဆုံးခဲ့ပြီး နောက်ပိုင်း ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာနပိုင် ရေယာဉ်တွေကို ကြံခိုင်မှုတွေစစ်ဆေးပြီး တော်တော်များများကို ပြေးဆွဲခွင့်ရပ်ဆိုင်းလိုက်တာဖြစ်ပါတယ်၊

ပုဂ္ဂလိကစက်လှေတွေ၊ လှေတွေကို ပြည်နယ်အစိုးရနဲ့ ပြည်တွင်းရေကြောင်းဌာနက အစားထိုးပြေးဆွဲစေခဲ့ပေမယ့် အစိုးရပိုင်သင်္ဘောတွေလောက် ခရီးသွားလာရတာ အဆင်မပြေဘူးလို့ ဆိုပါတယ်၊

RFA Burmese

မှတ်ချက်များ