ပက်ကွီအိုကို သူရဲဘောကြောင်သူဟုခေါ်ခဲ့ပြီး ထပ်မံထိုးတော့မည်မဟုတ်ကြောင်း မေ၀ယ်သာပြော
ဖိလစ်ပိုင်လက်ဝှေ့ သမား ပက်ကွီအိုကိုနိုင်ခဲ့သည့် ဖ လွိုက်မေ၀ယ်သာက ပက်ကွီအို အား‘‘သူရဲဘောကြောင်သူ၊ ရှုံးနိမ့်သူ’’ အဖြစ် သတ်မှတ်ခေါ်ဆို လိုက်ပြီး ၎င်းနှင့် ထပ်မံထိုးသတ် မည်မဟုတ်ကြောင်း ပြောကြား လိုက်သည်။
မေ၀ယ်သာသည် ပြီးခဲ့သည့် အပတ်ကပင် ပက်ကွီအိုကိုနိုင်ခဲ့ ပြီးနောက် (၄၈) ပွဲဆက်တိုက်ရှုံးပွဲ မရှိစံချိန်ရခဲ့ကာ ပက်ကွီအိုကမူ ပွဲပြီးသည့်နောက် ပခုံးဒဏ်ရာရှိ နေသောကြောင့် စွမ်းဆောင်ရည် နည်းပါးခဲ့ရကြောင်း ထုတ်ပြောခဲ့ ရာ မေ၀ယ်သာက ထိုရှင်းပြချက် ကို ပယ်ချခဲ့သည်။ ‘‘သူရှုံးခဲ့တာ ပါ။ သူရှုံးတာလည်း သူသိတယ်။ပွဲ ပြီးတဲ့နောက်မှာတော့ သူ့ကိုလေး စားမှုထားခဲ့တာတွေ ကျွန်တော့် မှာ ကုန်သွားပါပြီ’’ဟု မေ၀ယ်သာ က ပြောသည်။ ၎င်းတို့ထိုးသတ် ခဲ့ချိန်တွင် ပက်ကွီအို၌ မည်သည့် ကာယပိုင်းချို့ယွင်းချက်မှ မတွေ့ ခဲ့ရကြောင်း မေ၀ယ်သာက ပြော သည်။
‘‘သူထိုးတာ မြန်တယ်။သူ့ ဘယ်လက်ရော ညာလက်ရော မြန်ခဲ့တယ်။ သူ့ လက်နှစ်ဖက်လုံး ကိုသုံးပြီး မြန်မြန်နဲ့ အားကောင်း ကောင်းနဲ့ ထိုးခဲ့တာပါ’’ဟု မေ ၀ယ်သာက ဘီဘီစီရှိုးတိုင်းမ်အစီ အစဉ်တွင် ပြောသည်။ ပက်ကွီအို သည်လက်ရှိတွင် ပခုံးဒဏ်ရာ ခွဲ စိတ်ထားရပြီး ပရိသတ်များက ဒဏ်ရာရရှိကြောင်း မပြောခဲ့သည့် အတွက် အားပေးရသည်မှာနစ်နာ သည်ဟု တရားစွဲဆိုမှု ရင်ဆိုင် နေရသည်။
မေ၀ယ်သာသည် ပြီးခဲ့သည့်အပတ်လက်ဝှေ့ပွဲပြီးခါစ က ပက်ကွီအိုနှင့် နောက်တစ်ကြိမ် ထပ်ထိုးရန်စီစဉ်မည်ဆိုသော် လည်း ယခုရှိုးတိုင်းမ်အစီအစဉ် တွင် ပြန်ပယ်ချခဲ့ခြင်းဖြစ်သည်။ မေ၀ယ်သာက အနားမယူမီ နောက်ဆုံးထိုးမည့်ပွဲမှာ ဗြိတိန်မှ အမီရာခန်းနှင့်ဖြစ်ပြီး စက်တင်ဘာတွင် ထိုးသတ်နိုင်ခြေရှိသည်ဟုပြောသည်။
7day Daily

မှတ်ချက်များ