မလေးရှားနိုင်ငံသို့အကြောင်းအမျိုးမျိုးကြောင့်ရောက်ရှိနေသော မြန်မာနိုင်ငံသားများ ယခုကာလ အတွင်း ဖြစ်ပေါ်နေသော မလေးရှားနိုင်ငံ၏ အခြေအနေ၊ နိုင်ငံတကာတွင် လှုံဆော်၊ ချဲ့ကားပြောကြားချက်များ ကြောင့် မလိုလားအပ်သော ကိစ္စရပ်များ မဖြစ်ပေါ်စေရန် အတွက် နေထိုင်သွားလာဆင်ခြင်ကြရန် တိုက်တွန်းအပ်ပါသည်။
သွားလာရာတွင်လည်း တစ်ဦးတစ်ယောက်တည်း သွားလာခြင်း မပြုကြရန်နှင့် မြန်မာလူမျိုး အချင်းချင်း အုပ်စုဖွဲ့၍ သွားကြရန်၊ အချင်းချင်း ရိုင်းပင်းကူညီကြရန် ထပ်မံတိုက်တွန်းအပ်ပါသည်။
သံရုံးသို့ ဆက်သွယ်လိုပါက
Hot Line နံပါတ် ၀၁၇၃၄၇၆၇၂၆
သို့ ဆက်သွယ်နိုင်ပါကြောင်း အသိပေးအပ်ပါသည်။
လေးစားစွာဖြင့်
မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့

မှတ်ချက်များ