မင်းသား ဝီလျံနှင့် ကိတ်တို့ အငှားကိုယ်ဝန်ဖြင့် ဒုတိယမြောက် ရင်သွေးလေးကို မွေးဖွားခဲ့ဟု ရုရှား သတင်းစာဝေဖန်
ကိန်းဘရစ်ခ်ျ မြို့စား မင်းသား ဝီလျံကတော် ကိတ်မစ်ဒယ်လ်တန်သည် မေ ၂ ရက်က တော်ဝင် မင်းသမီးလေးကို မွေးဖွား ခဲ့ပြီး ယင်းမွေးဖွားမှုသည် ကိတ်ကိုယ်တိုင် မွေးဖွားခြင်း မဟုတ်နိုင်ကြောင်း ရုရှားနိုင်ငံထုတ် Komsomolskaya Pravda သတင်းစာက ဝေဖန်ရေးသားခဲ့သည်။
အဆိုပါ သတင်းစာက ကိတ်မစ်ဒယ်လ်တန်နှင့် ပတ်သက်သည့် ဆောင်းပါး ခေါင်းစဉ်ကို ကလေး မွေးဖွားပြီးလျှင် ပြီးချင်း လန်းဆန်း တက်ကြွနေသော ကိတ်မစ်ဒယ်လ်တန်၏ ပုံစံက မိခင်များအားလုံးကို အံ့အားသင့်စေ ခဲ့သည်ဟု ရေးသားခဲ့ သည်။ မည်မျှထူးချွန်သည့် ဆရာဝန်နှင့် မီးဖွားစေကာမူ ကလေး မွေးဖွားပြီးနောက် ငါးနာရီကြာမှသာ မတ်တပ် ရပ်နိုင်မည် ဖြစ်ကြောင်း၊ ကိတ်သည် ကိုယ်ဝန်ရှိကြောင်း ပြသလိုသည့် အတွက် ဗိုက်ဖုံးအင်္ကျီကို ဟန် ဆောင် ဝတ်ဆင်ခဲ့ ဟန်ရှိပြီး အခြားအမျိုးသမီး တစ်ဦးကို အငှားကိုယ်ဝန် ဆောင်စေခဲ့ဖွယ် ရှိကြောင်း အဆိုပါ သတင်းစာက အခိုင်အမာ ပြော ကြားသည်။
ကလေး မီးဖွားသူသည် မီးဖွားပြီးနောက် လန်းလန်းဆန်းဆန်း ဖြစ်စေရန် အချိန် ၃၊ ၄ နာရီခန့် ယူရကြောင်း၊ မည်မျှ ပင် မွေးဖွားရ လွယ်ကူသူ ဖြစ်စေကာမူ ကလေး မီးဖွားပြီးပါက အလွန်အိပ်ချင်ကြောင်း စာဖတ်သူ တစ်ဦးက မှတ်ချက်ပြု ပြောကြားခဲ့သည်။
ထို့ပြင် ကိတ်မစ်ဒယ်လ်တန်သည် ကလေးမွေးဖွား ထားသည်မှာ လုံးဝမဖြစ်နိုင်ကြောင်း၊ ကလေးငယ်သည် အနည်းဆုံး အသက် ခုနစ်ရက်မှ ၁ဝ ရက်အတွင်း ရှိကြောင်းနှင့် ကလေးငယ်၏ မျက်နှာမှာ ချောမွေ့ဖြူရော် နေကြောင်း စာဖတ်သူ အချို့က ဝေဖန် ပြောကြားခဲ့သည်။
မြ၀တီ

မှတ်ချက်များ