အစ္စရေးစစ်လေယာဉ်များ ဂါဇာကိုတိုက်ခိုက်
အစ္စရေးဘက်သို့ ဒုံးကျည် လေးစင်း ပစ်ခတ်ခဲ့မှုအပေါ် လက်တုံ့ပြန်သော အားဖြင့် အစ္စရေး လေယာဉ်များက ဂါဇာကမ်းမြောင် ဒေသရှိ စစ်ဘက်ဆိုင်ရာ လေ့ကျင့် ရေး အဆောက်အအုံများ အပေါ် ဗုဒ္ဓဟူးနေ့ အစောပိုင်း၌ ဒုံးကျည် များဖြင့် တိုက်ခိုက်ခဲ့သည်။
အက်ဖ် ၁၆ ဂျက်တိုက် လေ ယာဉ်များသည် ဟားမားစ်အုပ်ချုပ် သော ကမ်းရိုးတန်းတစ်လျှောက် ဝဲပျံသွားပြီး ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်းနှင့် အလယ်ပိုင်းတို့ရှိ နေရာအချို့မှ ပေါက်ကွဲသံများ ကြားကြောင်း မျက်မြင်တွေ့ရှိသူများက ပြောသည်။
ဂါဇာတောင်ပိုင်းရှိ ရာဖာနှင့် ခန်းယူနစ်မြို့များရှိ စစ်ဘက်ဆိုင်ရာ အဆောက်အအုံများကို တိုက် ခိုက်ခဲ့ပြီး ဂါဇာကမ်းမြောင် အလယ် ပိုင်းနှင့် မြောက်ပိုင်းတို့တွင်လည်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း လုံခြုံရေးတာဝန်ရှိသူများက အတည် ပြုပြောကြားသည်။
ယင်း တိုက်ခိုက်မှုကြောင့် ပျက်စီးမှု အနည်းငယ်ရှိခဲ့သော် လည်း ထိခိုက်ဒဏ်ရာရမှု မရှိဟု ဆေးဘက်ဆိုင်ရာ သတင်းရပ် ကွက်များက ဆိုသည်။ အစ္စရေး တို့၏ ယင်းတိုက်ခိုက်မှုသည် နွေရာသီက ပါလက်စတိုင်း၂၁၄၅ ဦး သေဆုံး ခဲ့ရသည့် ရက် ၅ဝ မြေပြင်ဝေဟင် စစ်ပွဲအပြီး ပထမဆုံးအကြိမ် တိုက် ခိုက်မှုဖြစ်သည်။ အစ္စရေးတို့က ဟားမားစ်နှင့် ဂျီဟတ်တို့ပိုင်သော စစ်ဘက်လေ့ကျင့်ရေး အဆောက် အအုံများကို တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
Myanmaalinn

မှတ်ချက်များ