အိုဘားမားရဲ့သမီးကြီး မီလာ့ကို ရှေ့နေအမျိုးသားတစ်ဦးက ရိုးရှင်းစွာလက်ထပ်ခွင့်တောင်း


အမေရိကန်သမ္မတ ဘားရက်အိုဘားမားရဲ့ သမီးကြီးဖြစ်သူ မီလာ အိုဘားမားကို လက် ထပ်တောင်းရမ်းယူဖို့အတွက် ကင်ညာနိုင်ငံမှ ရှေ့နေတစ်ဦးက နွားအကောင် ၅၀၊ သိုး အကောင် ၇၀၊ ဆိတ် အကောင် ၃၀ တို့နဲ့ အိုဘားမားထံ ကမ်းလှမ်းမှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ယင်း နိုင်ရိုဘီရှေ့နေအမျိုးသား ကစ်ပ်ရိုနိုက အိုဘားမားရဲ့ အသက် ၁၆ နှစ်အရွယ် သမီးဖြစ်သူ မီလာ့ကို ၁၀ နှစ်သမီးအရွယ်ကတည်းက ချစ်ခင်စုံမက်ကြောင်း ဖခင်ဖြစ်သူ အိုဘားမားထံဖွင့်ဟ ပြောဆိုထားပြီး လာမယ့် ဇူလိုင်လမှာ ကင်ညာနိုင်ငံသို့အလည် အပတ်လာရောက်မယ့် သမ္မတခရီးစဉ်အတွင်းမှာ တွေ့ဆုံပြီးဆွေးနွေးမှုပြုလုပ်ချင် ကြောင်း ကမ်းလှမ်းပြောဆိုထားခဲ့ပါတယ်။

“ ကျွန်တော် မီလာ့ကို စတွေ့တဲ့အချိန် ၂၀၀၈ ခုနှစ်ကတည်းက စတင်ပြီးတော့ စိတ်ဝင် စားခဲ့ပါတယ်။ အဲ့ဒီကတည်းက သူမကိုချစ်တဲ့စိတ်တစ်ခုထဲကိုပဲ အာရုံစူးစိုက်ထားတယ်။ သူမနဲ့နီးစပ်နိုင်ဖို့ အစွမ်းကုန်ကြိုးစားခဲ့ရတယ်။ အခုလို သူမကိုတင်တောင်းနိုင်ဖို့ မိသား စုတွေကလည်း ဝိုင်းကူညီကြတယ်။

ခုတော့ သူမနဲ့ အတူနေနိုင်ဖို့အခြေအနေတစ်ခု ကိုရောက်ရှိသွားတယ်လို့ ယုံကြည်ချက်ရှိပါတယ်” လို့ ကစ်ပ်ရိုနိုက သူ့ရဲ့မီလာ့ အပေါ်မှာထားရှိတဲ့ စစ်မှန်တဲ့ချစ်ခြင်းမေတ္တာအကြောင်းနဲ့ ရိုးရှင်းသာယာပျော်ရွှင်တဲ့ မိသားစု ဘဝလေးကို တည်ဆောက်ဖို့ ယုံကြည်ချက်ရှိကြောင်း ပြောပြခဲ့ပါတယ်။

ဖိုးသူတော်

မှတ်ချက်များ