ကြက်ဥကို အကျိုးရှိရှိ သုံးနိုင်ဖို့…


အာဟာရဓာတ်ပြည့်စုံတဲ့ ကြက်ဥ ဟာ လွယ်လွယ်ကူကူ ၀ယ်ယူ စားသောက်နိုင်တာကြောင့် အဓိက စားစရာတစ်မျိုးအဖြစ် အိမ်တိုင်းလိုလို စားသုံးကြပါ တယ်။ သို့သော်လည်း ကြက်ဥနဲ့ ပတ်သက်တဲ့ အံ့ဖွယ်အသုံးဝင်ပုံ တွေကို လူတိုင်းမသိနိုင်တာ ကြောင့် ဗဟုသုတအဖြစ် မျှဝေ ပေးလိုက်ပါတယ်။

စေးစေးပျစ်ပျစ်ကြက်ဥအ ကာတွေက သားရေ(လယ်သာ) ပစ္စည်းတွေ ညစ်ပေတာတွေ သန့် စင်ဖို့အတွက် ကူညီပေးနိုင်ပါ တယ်။ ကြက်ဥအကာနဲ့ ညင်သာ စွာ ပွတ်တိုက်ပေးမယ်ဆိုရင် သန့် ရှင်းတောက်ပြောင်ပြီး အသစ်လို ဖြစ်စေပါတယ်။

ကြက်ဥအကာကို ထုခြေ ကာ မြေဆွေးနဲ့ရောပြီး သစ်ပင်လေး တွေထဲထည့်ပေးရင် အပင်ကျန်း မာသန်စွမ်းစေပါတယ်။ ဒါ့အပြင် ကြက်ဥခွံအကွဲအကြေတွေကို စိုက်ခင်းထဲပစ်ထားရင် ပိုးကောင် မွှားကောင်တွေ၊ ခရု၊ ပက်ကျိ ကောင်တွေ မလာဘူးလို့ ဆိုပါ တယ်။ ပြတ်ရှဒဏ်ရာဖြစ်လို့ ပတ် တီးအလွယ်တကူမရှိရင် ကြက်ဥ အမြှေးပါးလေးနဲ့ ကပ်ပေးတာ ဟာ သွေးအမြန်တိတ်စေပြီး အ နာကျက်မြန်စေပါတယ်။

အနုပညာဓာတ်ခံရှိသူဆို ရင်တော့ ကြက်ဥအခွံလေးတွေ ပေါ်မှာ ရုပ်ပုံလေးတွေဆွဲပြီး အိမ် တွင်းအလှဆင်နိုင်တာကြောင့် ဒီ လိုလုပ်ဖို့ စိတ်ကူးရင်တော့ ကြက် ဥခွဲတဲ့အခါ ပညာသားပါပါခွဲဖို့ တော့ လိုအပ်ပါတယ်။

ကြက်ဥပြုတ်ပြီးတဲ့အခါမှာ လည်း ကြက်ဥပြုတ်ထားတဲ့ရေကို ဒီအတိုင်းသွန်မပစ်ဘဲ အအေးခံ ထားပြီး သစ်ပင်ရေလောင်းလို့ ရပါတယ်။ အဲဒီရေထဲမှာ အာဟာရဓာတ်တွေ ရှိနေလို့ အလဟဿ အဆုံးရှုံးမခံသင့်ပါဘူး။

7 Day Daily

မှတ်ချက်များ