မ ကြား ချင် တော့ ဘူး (ဟာသ)


” အရက်လျှော့သောက်ပါ..ဒါမှ နားလေးတာ ပျောက်မယ် ” ဟု နားမကြားသည့် လူနာကို ဆရာဝန်က ပြောသည် ။


နောက်ခြောက်လအကြာတွင် ယင်းလူနာကို လမ်းမှာတွေ့ ရာ ” အခြေအနေ ဘယ်လိုလဲ ” ဟု ဆရာဝန်က မေးသည် ။
လူနာကပြန်ပြောသည် ။

” ဒေါက်တာ. ကျနော့်ကို ဒီလောက်အကျယ်ကြီး အော်ပြောစရာ မလိုဘူးခင်ဗျ ၊ ကျနော် အရက်ဖြတ်လိုက်ပြီ..ဒါကြောင့်
နားကောင်းကောင်း ကြားနေပါပြီ ”
နောက် ခြောက်လ ထပ်ကြာသွားသည် ။

သူတို့ နှစ်ဦး ဆုံမိကြပြန်သည် ။ သို့ သော် ဤတစ်ခေါက်တွင် လူနာသည် နားကောင်း
ကောင်း မကြားတော့ ပြန်ချေ ။ သူက ဆရာဝန်ကို ပြောသည် ။

” ဒေါက်တာ ..ကျနော် အရက်ပြန်သောက်နေပြီ ခင်ဗျ ”
” ဘာ…ဘာဖြစ်လို့  ပြန်သောက်ရတာလဲ..ဒုက္ခပါပဲ ”
” နားနဲ့ ဆတ်ဆတ် ကြားရတာတွေက စိတ်မချမ်းသာစရာ.. ထိတ်လန့် စရာတွေချည်း ဖြစ်နေလို့ ပါ ”

Tun Aye

မှတ်ချက်များ