မော်ဒယ်ဖြစ်ဖို့ မမျှော်လင့်ခဲ့ဘူးတဲ့ ဆိုက် ၂၂ ပိုင်ရှင် တက်ဆာဟောလီးဒေး
အမေရိကန်နိုင်ငံက တက်ဆာဟောလီးဒေးဆိုတဲ့ ကောင်မလေးဟာ အရင်က မော်ဒယ်လုပ်ဖို့ မျှော်လင့်ခဲ့ပေ မယ့် သူမရဲ့ အရပ် ၅ ပေ ၄ လက်မနဲ့ ကိုယ်အလေးချိန် ၁၈ စတုန် ၅ ပေါင်ဆိုတဲ့ အချိုးအစားကြောင့် ပယ်ချခံခဲ့ ရပါတယ်။ ဒါပေမယ့် မစ်စ္စစပီကနေ အယ်လ်အေကို ပြောင်းရွှေ့နေထိုင်နေပြီဖြစ်တဲ့ သူမဟာ ခုချိန်မှာတော့ ဆိုက်ကြီးလို့ ပြောကြရတဲ့ ၂၂ အချိုးအစားနဲ့ မော်ဒယ်အေဂျင်စီတစ်ခုမှာ စာချုပ်ချုပ်ဆိုထားနိုင်သူ ဖြစ်နေပါပြီ။
သူမရဲ့ အင်စတာဂရမ်အကောင့်တစ်ခုတည်းမှာတင် ဖော်လိုလုပ်ထားသူ ၆၂၅,၀၀၀ ရှိနေပြီး ဒီနှစ်အစောပိုင်းမှာ MILK အေဂျင်စီနဲ့ စာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ တက်ဆာရဲ့ ထူးခြားချက်ကတော့ ဆိုက် ၂၂ လောက်အထိ ရှိနေတဲ့ တခြားအမျိုးသမီးတွေလို ကိုယ်ကာယ အချိုးအစားကို ဖုံးကွယ်ဖို့ မကြိုးစားဘဲ လှစ်ဟပြသင့်တဲ အပိုင်းကို ဖော်ပြရဲတာပဲ ဖြစ်ပါတယ်။ သူမဟာ ပူနွေးတဲ့ ရာသီဥတုကို နှစ်သက်သူ ဖြစ်ပြီး ဒီလိုရာသီဥတုမျိုးမှာ တက်တူးတွေနဲ့ အလှဆင်ထားတဲ့ ကိုယ်ကာယ အစိတ်အပိုင်းကို ယုံယုံကြည်ကြည် ထုတ်ဖော်ပြသလေ့ ရှိပါတယ်။
“ ကျွန်မအတွက် အ၀တ်အစားဝတ်ရာမှာ ခက်ခဲတယ်လို့ ဘယ်တုန်းကမှ မစဉ်းစားခဲ့မိပါဘူး။ ကျွန်မ ပြောင်းလဲနိုင်တယ်ထင်တာကို ပြောင်းလဲရမှာပဲ ဖြစ်ပါတယ်။ ဒါက ကျွန်မ ပြောနိုင်တာထက် ပိုပါတယ်” လို့ တက်စ်က ဆိုပါတယ်။ တက်စ်ဟာ ဖက်ရှင်မဂ္ဂဇင်းတွေနဲ့ အ၀တ်အစားထုတ်လုပ်ရေးလောကဟာ အမျိုးငယ်တွေအတွက် ပုံစံတကျ ဒီဇိုင်းထုတ်လုပ်ပေးနေတာမို့ ဆိုးရွားလွန်းတယ်လို့ မြင်သူတစ်ယောက်လည်း ဖြစ်ပါတယ်။ တက်စ်က လက်ရှိကိုယ်ကာယ အချိုးအစားကို စိတ်ပျက်နေတဲ့ မိန်းမတွေအနေနဲ့လည်း သူမကို အတုယူပြီး ဂါဝန်နဲ့ ရေကူးဝတ်စုံဆိုတာမျိုးတွေကို တကြိမ်လောက်ဖြစ်ဖြစ် စမ်းဝတ်ကြည့်ဖို့ တိုက်တွန်းခဲ့ပါတယ်။
Planet Myanmar

မှတ်ချက်များ