ဝင်းစိန်တောရဆရာတော်ကြီး၏ မျက်လုံးတော်တစ်ဖက် ပွင့်နေမှုမှာကောလာဟလသာဖြစ်ဟု ဂေါပကအဖွဲ့ဆို


မွန်ပြည်နယ် မုဒုံမြို့နယ် ဝင်းစိန်တောရ သာသနာ့နယ်မြေမှ ဝင်းစိန် တောရဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တ ကေသရ(အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိ က)အား မေ ၁၆ ရက်က ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ဆက်ကပ်ပြီး ဆရာတော်ကြီး ၏ မျက်လုံးတော်တစ်ဖက် ပွင့်နေကြောင်း ပြောဆိုနေမှုမှာ ကောလာဟလသာ ဖြစ် ကြောင်း ဂေါပကအဖွဲ့က ပြောကြားသည်။

ဆရာတော်ကြီးအား ထိုင်းနိုင်ငံ မဟာချူလာလောင်ကွန် ရာဇဝိဒယလျ တက္ကသိုလ်မှ ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ ကို ဝင်းစိန်တောရကျောင်းတွင် ဒုတိယ ပါမောက္ခချုပ် ဆရာတော် ဖရစောမွန်ဝဇီ ရာဖွန်မဟာစဝိုင် (နိုင်ငံခြားရေးတာဝန်ခံ) နှင့် ဆရာတော်ကြီးများက ကိုယ်တိုင်လာ ရောက် ဆက်ကပ်ပြီးနောက်တွင် ဝင်းစိန် ဆရာတော်ကြီး၏ ရုပ်ကလာပ်မှ မျက်လုံး တော်တစ်ဖက် ပွင့်နေကြောင်း အင်တာနက် ပေါ်တွင် ဖော်ပြပါရှိနေကြောင်း သိရသည်။

''ဆရာတော်ကြီးရဲ့ ရုပ်ကလာပ် ကတော့ အရင်အတိုင်းပါပဲ။ ရန်ကုန်ကသယ် လာခဲ့တဲ့အတိုင်းပါပဲ။ ထူးခြားမှု မရှိသေးပါ ဘူး''ဟု ဝင်းစိန်တောရကျောင်း ဂေါပကအ ဖွဲ့ဥက္ကဋ္ဌ ဒေါက်တာမြင့်ဦးက ပြောသည်။

''အင်တာနက်ပေါ် ကျွန်တော်တို့ တင်တာ မဟုတ်ပါဘူး။ ဘယ်သူတွေတင် တာလဲ မသိပါဘူး။ ဆရာတော်ကြီးရဲ့ ရုပ် ကလာပ်က အရင်အတိုင်းပဲ''ဟု ဝင်းစိန်တော ရကျောင်း ဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးဥာဏ်ထွန်းက ပြောကြားသည်။

''ဆရာတော်ကြီးနှင့်ပတ်သက် ၍ အမှန်တွေ့ရှိချက်များရှိသလို ကောလာ ဟလသတင်းများ မကြာခဏ ထွက်ပေါ်နေ ကြောင်း'' ဒေသခံတစ်ဦးက ပြောသည်။

ဦးဦး(မော်လမြိုင်) - ‪TheflowerNews‬

မှတ်ချက်များ