ဘင်္ဂလာဒေ့ခ်ျ နိုင်ငံသားတွေနဲ့ ရိုဟင်ဂျာတွေကို အင်ဒိုနီးရှား လက်မခံ
မြန်မာ နဲ့ ဘင်္ဂလာဒေ့ခ်ျ နိုင်ငံကလို့ ယူဆရတဲ့ ဒုက္ခသည် ရာပေါင်းများစွာကို တင်ဆောင်လာတဲ့ စက်လှေတစီးကို အင်ဒိုနီးရှားနိုင်ငံက လက်ခံဖို့ ငြင်းပယ်လိုက်ပါတယ်။
အဲဒီလှေကို သောက်ရေနဲ့ စားနပ်ရိက္ခာတွေ ပေးပြီး တနင်းလာနေ့က ပင်လယ်ပြင်ကို ပြန်ပို့လိုက်တယ်လို့ အင်ဒိုနီးရှား ရေတပ်က ပြောဆိုခဲ့ပါတယ်။
ဒုက္ခသည်တွေက မလေးရှားနိုင်ငံကို သွားချင်တဲ့အတွက် အခုလို လုပ်ဆောင်ရတာ ဖြစ်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။
ဒါပေမယ့် နိုင်ငံတကာ ရွှေ့ပြောင်းသူများအဖွဲ့ကတော့ အခုလို ဆုံးဖြတ်ကို အံ့သြမိတယ်လို့ ဆိုပါတယ်။
မြန်မာ နဲ့ ဘင်္ဂလာဒေ့ခ်ျ နိုင်ငံတို့က ဒုက္ခသည်ပေါင်း ၈ ထောင်လောက်ဟာ ပင်လယ်ပြင်မှာ သောင်တင်နေကြတယ်လို့ နိုင်ငံတကာ ရွှေ့ပြောင်းသူများအဖွဲ့က ခန့်မှန်းပါတယ်။
အင်ဒိုနီးရှား ရေတပ်က ပြောခွင့်ရပုဂ္ဂိုလ် Manahan Simorangkir ကတော့ လှေပေါ်မှာ ပါလာသူတွေဟာ အခြေအနေ ကောင်းမွန်ကြပါတယ်လို့ ပြောဆိုခဲ့ပါတယ်။
သူတို့တွေက အကူအညီ ရှာနေတာဖြစ်ပြီး အင်ဒိုနီးရှားကို သွားချင်တာမဟုတ်ဘဲ ၊ မလေးရှားကို သွားချင်တာဖြစ်ကြောင်း၊ ဒါကြောင့် သူတို့အတွက် စားနပ်ရိက္ခာ၊ ရေနဲ့ ဆေးဝါးတွေပေးပြီး သူတို့သွားလိုရာကို ပို့ဆောင်ပေးခဲ့တာ ဖြစ်ကြောင်း မစ္စတာ Simorangkir က ပြောဆိုခဲ့ပါတယ်။
BBC Burmese
.jpg)
မှတ်ချက်များ