တတိယမြစ်ကျဉ်းတွင် တရားမ၀င်ရွှေများ တူးဖော်နေခြင်းကြောင့် ဧရာဝတီ မြစ်ကြီး ပျက်စီး
မန္တလေးတိုင်း၊ သပိတ်ကျဉ်းမြို့၏ မြောက်ဘက် (၆)မိုင်ခန့်အကွာ ဂွေးပင်မှော်ကျေးရွာ၏အထက် ပေသောင်ကျေးရွာရှိ မြစ်ကြောင်းထဲတါင် မရားမ၀င် ရွှေများ တူးဖော်မှုကြောင့် ဧရာဝတီမြစ်၏ သဘာဝပတ်ဝန်းကျင် ပျက်စီးနေသည်ဟု သိရှိရသည်။
ဧရာဝတီမြစ်ကြီးထဲတွင် ရွှေများ တူးဖော်နေခြင်းကြောင့် ညစ်ညမ်းသောရေများဖြစ်ပေါ်ပြီး ၀မ်းပျက်၊ ၀မ်းလျှောရောဂါများ ဖြစ်ပေါ်လာမည်ကို စိုရိမ်နေရခြင်း၊ ရွှေဖမ်းဆေး (သို့) ပြဒါးများကို အသုံးပြုခြင်းကြောင့် ရေနေသတ္တ၀ါများ သေကြေပျက်စီးမည်ကို စိုးရိမ်နေရခြင်း၊ မြစ်အောက်ကျမ်းပြင်ရှိ မြေများကို တူးဆွရွှေရှာရသဖြင့် သဲသောင်ခုံများ ဖြစ်ပေါ်ပြီး ရေလမ်းကြောင်းများ ကျဉ်းမြောင်းသွားခြင်း၊ ရေလမ်းကြောင်းများ ပြောင်းလဲသွားဖြင့် ကျေးရွာရှိစိုက်ပျိုးမြေများ ရေတိုက်စား ပျက်စီးသွားမည့်အရေးကို ဂွေးပင်မှော် ကျေးရွာရှိ မိဘပြည်သူများ စိုးရိမ်စိတ်ဖြစ်ပေါ်နေရကြောင်း ဒေသခံတစ်ဦးက
ပြောသည်။
အထက်ပါ ရွှေများတူးဖော်နေကြသည့် လုပ်ငန်းကို ကျေးရွာဖွံ့ဖြိုးရေးအတွက် ဟု အကြောင်းပြကာ တူးဖော်နေကြသည်။ အဆိုပါ တူးဖော်နေခြင်းကိုဂွေးပင်မှော်ကျေးရွာမှ ဒေသခံများ ဖြစ်ကြသော ဦးမောင်တင့်၊ ဦးဆန်းမြိုင်နှင့် အပေါင်းပါ ၁၄ ဦးအဖွဲ့မှ ယခင်နှစ်တွင် လက်မှတ်ထိုးတိုင်ကြားထားသော် လည်း သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများမှ အရေးယူဆောင်ရွက်ပေးခြင်း မရှိကြောင်း သိရသည်။
အောင်နေသစ် - The Myanma Age

မှတ်ချက်များ