လာဘ်စားမှုတွေကို သတိပေးဖို့ တရုတ် အရာရှိတွေကို ထောင်တွင်းအလည်အပတ် ပို့ဆောင်

ပုံ - China Daily
တရုတ်အာဏာပိုင်တွေဟာ အကျင့်ပျက်လာဘ်စားမှုတွေကို သတိပေးတဲ့အနေနဲ့ အစိုးရအရာရှိတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို အကျဉ်းထောင်တွေဆီ လှည့်လည်ပို့ဆောင်ပေးခဲ့တယ်လို့ တရုတ်အစိုးရသတင်းစာ ချိုင်းနားဒေးလီး က ဒီကနေ့တနလာင်္နေ့မှာ ဖော်ပြ ခဲ့ပါတယ်။

တရုတ်နိုင်ငံ အရှေ့ပိုင်း ဟူဘေးပြည်နယ်က ကွန်မြူနစ်ပါတီ ခေါင်းဆောင်များ၊ အကြီးတန်း အရာရှိများ နဲ့ သူတို့ရဲ့ ဇနီး၊ ခင်ပွန်း အယောက် (၇၀) ဟာ မြို့တွင်း အကျဉ်းထောင်မှာ အကျဉ်းကျနေတဲ့ အရာရှိဟောင်းတွေဆီ သွားရောက်လည်ပတ်ခဲ့ကြပြီး ပညာပေး သတိပေးချက်တစ်ခုအနေနဲ့ ယင်းထောင်မှာ တစ်နေ့လုံး အချိန်ဖြုန်းခဲ့ကြရတယ်လို့ အဆိုပါသတင်းစာက ဆိုပါတယ်။ 

တရုတ်သမ္မတ ရှီ ဟာ သမ္မတတာဝန် စတင် ထမ်းဆောင်ခဲ့တဲ့ လွန်ခဲ့တဲ့ နှစ်နှစ်ကတည်းကစပြီး အကျင့်ပျက်ခြစားမှုအမြစ်ပြတ်ချေမှုန်း ရေးကို ထိပ်တန်းဦးစားပေးလုပ်ငန်းအဖြစ်ထားရှိခဲ့ပါတယ်။ 

အခုလို အလည်အပတ်ခရီးစဉ်ကို စီစဉ်ရတာဟာ အကျင့်ပျက်လာဘ်စားရာမှာ ပါဝင်ခြင်းဟာ အပြစ်ကျူးလွန်ခြင်းဖြစ်တယ်ဆိုတာကို အရာရှိတွေကို သတိပေးဖို့ ဖြစ်တယ်လို့ စည်းကမ်းထိန်းသိမ်းရေး ဗဟိုကော်မရှင်က ပြောပါတယ်။

ချိုလေးငယ် - Kumudra

မှတ်ချက်များ