Chromebook တွေမှာ Viber သုံးလို့ရပြီ


Chrome OS အောင်မြင်ဖို့အတွက် Google ဟာ တီထွင်ဖန်တီးသူတွေဆီက ကူညီပံ့ပိုးမှုကို လိုအပ်ပါတယ်။

Chromebook တွေကို ၀ယ်ယူသူတွေ ထိုက်တန်တဲ့ ဈေးနှုန်းနဲ့ ၀ယ်ယူနိုင်အောင်လည်း Hardware ကုမ္မဏီတွေက သူတို့ လုပ်စရာရှိတဲ့အပိုင်းကိုလုပ်ခဲ့ပြီးပါပြီ။

ဒါပေမယ့်လည်း ဒီထက်ပိုပြီး Chromebook တွေ ပေါ်ပြူလာဖြစ်လာဖို့အတွက် Viber လို ရေပန်းစား လူသုံးများတဲ့ ၀န်ဆောင်မှုတွေကို အသုံးပြုခွင့်ရနိုင်ဖို့လိုအပ်ပါတယ်။

ဒီနေ့ပဲ Chromebook တွေမှာ Viber ကို စတသ်အသုံးပြုနိုင်ပြီဖြစ်ပါတယ်။ သုံးစွဲသူတွေဟာ ထို Viber App ကို သူငယ်ချင်းတွေ ၊မိသားစုဝင်တွေနဲ့ တိုက်ရိုက်ဆက်သွယ်ဖို့အတွက် အသုံးပြုနိုင်မှာဖြစ်ပြီး တစ်ဖက်လူ က iOS ၊ Android နဲ့ Window Phone တွေမှာ သုံးနေပေမယ့်လည်း သင့်ရဲ့ Chromebook ကနေ ထို ကိရိယာတွေဆီကို ဆက်သွယ်နိုင်မှာဖြစ်ပါတယ်။

Viber မှာ သင်ဟာ မက်ဆေ့ဂ်ျ ပေးပို့ရုံ ၊ ဓါတ်ပုံတွေ ပေးပို့ရုံ တင်မကပဲ ဖုန်းပြောဆိုခြင်း ဗီဒီယို Call ခေါ်ဆိုခြင်းတွေကိုလည်း အခမဲ့ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ သင်ဟာ Chromebook ကနေ တစ်ဆင့် အခြား နိုင်ငံများစွာ ကို အခမဲ့ တိုက်ရိုက်ဆက်သွယ် ခေါ်ဆိုနိုင်ပြီ ဖြစ်ပါတယ်။

Ref : Engadget

မှတ်ချက်များ