ကချင်ဆရာမနှစ်ဦးသေဆုံးမှု DNA စစ်ဆေးမှုအဖြေ မကြာခင် ထွက်နိုင်မည်ဟု ဝန်ကြီး ဦးအောင်မင်း ပြောကြားခဲ့ဟုဆို


ကချင်ဆရာမနှစ်ဦးသေဆုံးမှု နှင့်ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်ရန် အတွက် DNA တိုက်ဆိုင်စစ်ဆေးမှု များပြုလုပ်လျက်ရှိသည့်အတွက် ယင်း DNA စစ်ဆေးမှုအဖြေမှာ မကြာခင် ထွက်ပေါ်လာလိမ့်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက နိုင်ငံတကာအမျိုးသမီးရေးရာ အမေ ရိကန်အထူးသံအမတ်ကြီး Ms. Catherine Russell ကိုပြောကြားခဲ့သည်ဟု ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) အထွေထွေအတွင်းရေးမှူး ဒေါက်တာ ကန်စွမ်က ပြောသည်။

စေတနာ့ဝန်ထမ်း ကချင်ဆရာမ မရန်လုရာနှင့် မခေါန်နန်စင်တို့နှစ်ဦး သည် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)မှခန့်အပ်ထားသော စေတနာ့ ဝန်ထမ်းများဖြစ်သည့်အတွက် KBC မှတာဝန်ပေးအပ်သော ကောင်းခါးကျေး ရွာရှိ ကလေးငယ်များကို စာသင်ကြား ပေးနေသူများဖြစ်သည်။

''အမျိုးသမီးရေးရာ အမေရိကန် သံအမတ်ကြီး မစ္စတာ Catherine Russell နဲ့ ကျွန်တော်တို့ KBC က တာ ဝန်ရှိသူတွေတွေ့ဆုံတဲ့အခါမှာ သူက ပြောတယ်။ ဝန်ကြီး ဦးအောင်မင်းက မကြာခင် DNA အဖြေထွက်လာပါ လိမ့်မယ် စောင့်ပါဦးဆိုပြီးတော့ ပြော ခဲ့တယ်လို့ ကျွန်တော်တို့ကိုပြန်ပြောပြ ပါတယ်။ အခုထိတော့ ကျူးလွန်သူ ဘယ် သူဘယ်ဝါဆိုတာကို မဖော်ထုတ်နိုင် သေးဘူး''ဟု KBC မှ အထွေထွေအ တွင်းရေးမှူး ဒေါက်တာ ကန်စွမ်ကပြော သည်။

နိုင်ငံတကာအမျိုးသမီးရေးရာ အမေရိကန်အထူးသံအမတ်ကြီး မစ္စ တာ Catherine Russell နှင့် ကချင် နှစ်ခြင်းခရစ်ယာန်အဖွဲ့(KBC)မှတာ ဝန်ရှိသူများသည် ပြီးခဲ့သည့် ကြာသ ပတေးနှင့်သောကြာရက်များက တွေ့ဆုံ ၍ ကချင်ဆရာမနှစ်ဦးသေဆုံးမှုနှင့်ပတ် သက်ပြီး ဆွေးနွေးခဲ့ကြောင်း ၄င်းက ရှင်းပြသည်။
လက်ရှိအချိန်တွင် ကချင်ဆရာမ နှစ်ဦးသေဆုံးမှုနှင့်ပတ်သက်ပြီး သုံးလ ကျော်ကြာလာသည့်တိုင် ကျူးလွန်သူ တရားခံကိုဖော်ထုတ်နိုင်ခြင်းမရှိသေး ဘဲ စုံစမ်းစစ်ဆေးမှုများအဆင့်သာရှိ သေးကြောင်း မူဆယ်မြို့နယ်ရဲစခန်း က ပြောသည်။

ထို့အတူ ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် (KBC)ကလည်း ၁၅ ဦးပါ စုံစမ်းစစ်ဆေးရေးကော်မတီတစ်ရပ် ကိုဖွဲ့စည်း၍ ၄င်းတို့ဘာသာ တစ်ဖက် တစ်လမ်းမှ စုံစမ်းစစ်ဆေးမှုများပြုလုပ် လျက်ရှိသည်။

နိုင်ငံတကာအမျိုးသမီးရေးရာ အမေရိကန်အထူးသံအမတ်ကြီး မစ္စတာ Catherine Russell သည် မြန်မာနိုင်ငံ သို့ မေ ၁၁ရက်မှ ၁၉ ရက်အထိ ၄င်း ၏ ခရီးစဉ်အဖြစ်ရောက်ရှိလာခဲ့ပြီး မြန် မာနိုင်ငံရှိ လူမှုအဖွဲ့အစည်းများနှင့် နိုင်ငံ အရာရှိများနှင့်လည်း တွေ့ဆုံဆွေးနွေး မှုများ ပြုလုပ်ခဲ့သည်။

လက်ရှိအချိန်တွင် အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရသော ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC)မှ စေတနာ့ ဝန်ထမ်းဆရာမနှစ်ဦးအမှုနှင့်ပတ်သက် သည့် ဆံပင်၊ သွေးနှင့်အဝတ်အစားများ ကို DNA တိုက်ဆိုင်စစ်ဆေးရန်အ တွက် နေပြည်တော်ရှိ ဓာတုဗေဒအတွင်း ဝန်ရုံးသို့ ပို့ထားကြောင်း သိရသည်။

ချစ်မင်းထွန်း - TheYangonTimes‬

မှတ်ချက်များ