ပြင်သစ် အဲ့လ်တောင်တန်းများပေါ် မတ်လကထိုးစိုက်ဆင်းကာ သေကြောင်းကြံ ခဲ့သော ဂျာမနီလေကြောင်ွး Germanwings မှ တွဲဖက် လေယာဉ်မှူးသည် သေကြောင်း မကြံခင် ရှေ့တစ်ခေါက် လေယာဉ်ပျံသန်းစဉ် ကလည်း အစမ်းသဘော ထိုးစိုက်ဆင်းကာ လေ့ကျင့်ခဲ့ ဖူးကြောင်း ဂျာမနီသတင်းစာ Bild က ဖော်ပြသည်။
တွဲဖက်လေယာဉ်မှူး အန်ဒရီလူဘစ်ဇ်သည် လေယာဉ်ထိုးစိုက်ဆင်း သတ်သေမှုပြု မည့် မတ် (၂၄) ရက် မနက်ပိုင်းက ပျံသန်းမှုတွင် မလို အပ်ပါဘဲ လေယာဉ်ကို ထိုးစိုက်ဆင်းခဲ့ ပြီးမှ ပြန်မောင်းတက် လာသည်ကို ပျံသန်းမှု မှတ်တမ်းတင်စက် အချက်အလက်များ အရ သိရသည်ဟု ပြင်သစ် စုံစမ်း ထောက်လှမ်းရေး အဖွဲ့များ၏ ပြောကြားချက်ကို ကိုးကားပြီး ငြို သတင်းစာက ဖော်ပြသည်။ ဒူဆီဒေါ့ဖ်မှ ဘာစီလိုနာသို့ ပျံသန်းမှုတွင် အစမ်း ထိုးဆင်းခဲ့ခြင်း ဖြစ်သည်။ ဘာစီလိုနာမှ ဒူဆီဒေါ့ဖ်သို့ အပြန်တွင် တစ်ကယ် ထိုးစိုက်ဆင်းကာ သေကြောင်း ကြံခဲ့ခြင်း ဖြစ်သည်။
လေယာဉ်ပေါ် လိုက်ပါလာသူ (၁၅၀) ဦးလုံး သေဆုံးခဲ့ရသည်။ လေယာဉ်ပျက်ကျမှု ဆိုင်ရာ စုံစမ်းစစ်ဆေးမှု ကနဦး အစီရင်ခံစာကို မကြာခင် ပြင်သစ် တာဝန်ရှိသူများက ထုတ်ပြန်မည် ဖြစ်သည်။ လေယာဉ်မှူး အပြင်ခဏ ထွက်သွားစဉ် မောင်းခန်းတံခါးကို ပိတ်ကာ လေယာဉ်ကို ပြင်သစ်နိုင်ငံ တွင်း အဲ့လ် တောင်တန်းများဆီ ထိုးစိုက်ဆင်းကာ သေကြောင်းကြံစည် ခဲ့သည်။
messenger

မှတ်ချက်များ