လက်ထပ်ခွင့်အတောင်းခံခဲ့ရတဲ့ တော်ဝင်မင်းသား Harry


ဗြိတိန်တော်ဝင်မင်းသား Harry ရဲ့ သြစတြေးလျ ခရီးစဉ် ဟာ ကြာသပတေးနေ့မှာ အဆုံးသတ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီ ခရီးစဉ်အတွင်း မင်းသား Harry တစ်ယောက် ချစ်ဖို့ကောင်းတဲ့ ပရိတ်သတ် ကောင်မလေး တစ်ယောက်ရဲ့ လက်ထပ်ခွင့်တောင်း ခြင်းကိုခံခဲ့ရပါတယ်။

အသက် ၂၁ နှစ်သာ ရှိသေးတယ်လို့ ဆိုတဲ့ Victoria McRea ဆိုသူ ကောင်မလေးဟာ မင်းသား Harry ကိုကြိုဆိုတဲ့ လူအုပ် အလယ်မှာ ဆိုင်းဘုတ်တစ်ခုကို ကိုင်ဆောင်ပြီး ကြိုဆိုခဲ့ပါတယ်။

သူမကိုင်ဆောင်ထားတဲ့ ဆိုင်းဘုတ်မှာတော့ "မင်းသားဟယ်ရီ နောက်ဆုံးအခွင့်အရေးအနေနဲ့ ငါ့ကို လက်ထပ်ပါ" ဆိုတဲ့ စာသား ကို ရေးသားထားပါတယ်။

သူမရဲ့ ဇာတ်လမ်းဆင်ထားမှုက အောင်မြင်ခဲ့ပါတယ်။ ဗြိတိန် တော်ဝင်မင်းသား ဟာ သူမရဲ့ ဆိုင်းဘုတ်နဲ့ သူမကိုတွေ့ရှိသွားတဲ့နောက် သူမရှိရာသို့ လမ်းလျှောက်လာပြီး သူမကို အနမ်းပေးဖို့ သဘောတူခဲ့ပါတယ်။

မင်းသား Harry ဟာသူ့ရဲ့ နောက်ဆုံး သြစတြေးလျ မှာ နောက်ဆုံးလည်ပတ်ခဲ့တာကတော့ Macquarie တက္ကသိုလ်ဆေးရုံပဲဖြစ်ပြီး ထိုဆေးရုံမှာ ၂၀၁၁ ခုနှစ်က အာဖဂန်နစ္စတန် နိုင်ငံမှာ တာဝန်ထမ်းဆောင်ရင်း ဒဏ်ရာရခဲ့တဲ့ တော်ဝင် အင်ဂျင်နီယာ တစ်ယောက်ကို တွေ့ဆုံခဲ့တာပဲဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ မင်းသား Harry ဟာ အယ်လီဇဘတ်သ် ဘုရင်မကြီး ရဲ့ New Zealand ခရီးစဉ်အတွက် New Zealand ကိုကြိုပြီးသွားနှင့်ပါတယ်။

Thithtoolwin

မှတ်ချက်များ