ကြက်ကြော်စားရင်း စာရိုက်လို့ရမယ့် KFC ရဲ့ Tray Typer
စမတ်ဖုန်း ခေတ် ကို ရောက်လာတဲ့အခါမှာ သင်ဟာ ကြက်ကြော်ဆိုင်ကိုရောက်နေတုန်းလည်း အင်တာနက် သုံးဖို့ စိတ်က ဆန္ဒရှိနေမှာပါ။ ဒါပေမယ့် ကြက်ကြော်တွေ ၊ အာလူးကြော်တွေကို ကိုင်ထားတဲ့လက်နဲ့ သင့်ဖုန်းကို သင် ထိချင်မှာ မဟုတ်ပါဘူး။
ဒါကို အဆင်အပြေဆုံးဖြစ်အောင် ကမ္ဘာကျော် ကြက်ကြော်ဆိုင် KFC က ဖြေရှင်းပေးထားပါတယ်။ သင် KFC ကြက်ကြော်စားဖို့ ၀ယ်တဲ့အခါ သင်ဝယ်ယူထားတဲ့ အစားအစာ တွေကို ဗန်းတစ်ခုနဲ့ ထည့်ပေးမှာ ဖြစ်ပါတယ်။ ထိုဗန်းဟာ Keyboard ပုံစံ လက်ကွက်ပါဝင်ပြီး Bluetooth စနစ်ကို အသုံးပြုကာ သင့်ဖုန်းနဲ့ ချိန်ဆက်အသုံးပြုရမှာဖြစ်ပါတယ်။
သင့်ဖုန်းမှာ သင်စာရိုက်ချင်နေတာကို ပေကျံနေတဲ့ လက်နဲ့ ဖုန်းကို သွားထိပြီးရိုက်နေစရာမလိုတော့ပဲ ထို Keyboard နဲ့သာ စာရိုက်လို့ ရနိုင်မှာဖြစ်ပါတယ်။
"Tray Typer" လို့အမည်ပေးထားတဲ့ Keyboard ပါဝင်တဲ့ ဗန်းတွေကို ဂျာမနီ နိုင်ငံက KFC ဆိုင်ခွဲတွေကို ကြေညာဖို့ အတွက် အသုံးပြုခဲ့တာ ဖြစ်ပါတယ်။
ထို Keyboard ဗန်းဟာ အရမ်းရေပန်းစားလာခဲ့ပြီး ဂျာမနီနိုင်ငံမှာ ထိုဗန်းတွေ အသုံးပြုနေမှုကို ရပ်နားလိုက်ပြီလို့ သိရပါတယ်။ အကြောင်းအရင်းကတော့ စားသုံးသူတွေဟာ ထိုဗန်းတွေကို အိမ်အထိ သယ်ဆောင်သွားကြလို့ပါ။
Ref : Engadget
မှတ်ချက်များ