ဥရောပ laptop ဈေးကွက် ကို ရုပ်သိမ်းလိုက်တဲ့ Samsung


Samsung ကုမ္မဏီဟာ ကမ္ဘာ တစ်ဝှမ်းလုံးမှာ စမတ်ဖုန်းတွေနဲ့ တတ်ဘလတ် တွေ အောင်မြင်စွာ ရောင်းချနိုင်ခဲ့ပေမယ့်လည်း laptop ဈေးကွက်မှာတော့ ထိရောက်တဲ့ ဈေးကွက်ဖော်ဆောင်ရေးကို မလုပ်နိုင်ခဲ့ပါဘူး။

အထူးသဖြင့် ဥရောပ မှာပါ။ PC Advisor ဆိုတဲ့ သတင်းဌာနက ပထမဆုံး ထုတ်ပြန်ခဲ့တဲ့ သတင်းကတော့ Samsung ကုမ္မဏီဟာ Chromebookတွေအပါအ၀င် laptop ဈေးကွက်တစ်ခုလုံးကို ဥရောပ ကနေ ရုပ်သိမ်းတော့မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

"ကျွန်ုပ်တို့ဟာ ဈေးကွက်ရဲ့ လိုအပ်ချက် နဲ့ ၀ယ်လိုအားကို လျင်မြန်စွာ လိုက်လျောညီထွေ ဖြစ်နိုင်ဖို့ ကြိုးစားပါတယ်" လို့ ထုတ်ပြန်စာမှာ ထည့်သွင်းဖော်ပြထားပါတယ်။

ဒါ့အပြင် Galaxy တံဆိပ် စမတ်ဖုန်းတွေနဲ့ စမတ်ဖုန်းဈေးကွက်ကို သိမ်းပိုက်ထားတဲ့ တောင်ကိုရီးယား ကုမ္မဏီ Samsung က ပြောခဲ့တာကတော့ အခုလို ဥရောပ မှာ laptop ဈေးကွက်ကို ရုပ်သိမ်းလိုက်ရတာဟာ နေရာ ဒေသ အခြေအနေကြောင့်ဖြစ်ပြီး ကုမ္မဏီ ရဲ့ ဖြန့်ချီရေး မူဝါဒ အရ လိုအပ်သလို လိုက်လျောညီထွေ ဖြစ်အောင် တုံ့ပြန် ရမှာ ဖြစ်တယ်လို့ ကုမ္မဏီ က ထုတ်ပြန်စာ မှာ ရေးသားခဲ့ပါသေးတယ်။

Ref : Engadget

မှတ်ချက်များ