မိန်းကလေးတစ်ယောက်နဲ့ ချစ်ကြိုက်ခဲ့ဖူးတဲ့အကြောင်း ဖွင့်ဟလိုက်တဲ့ Megan Fox


ခုချိန်မှာ Brian Austin Green နဲ့ ကလေးနှစ်ယောက် ရထားပြီးဖြစ်တဲ့ ညှို့အားပြင်းမင်းသမီး Megan Fox ကတော့ သူမအရင်တုန်းက မိန်းကလေးတစ်ယောက်ကို ချစ်ကြိုက်ခဲ့ဖူးတဲ့ အကြောင်း ဖွင့်ဟသွားပါတယ်။ ဒါအရင်တုန်းက ကိစ္စ ဆိုပမေယ့် သူလည်း အခြားနာမည်ကြီး မင်းသမီးတွေလိုပဲ bisexual လို့ ဆိုရမှာပါ။ ဒီအကြောင်း သူမ ပြန်လည်ပြောပြသွားတာက

"ကျွန်မအရင်တုန်းက လော့အိန်ဂျယ်လိစ်ကလပ်တစ်ခုက အကမယ်တစ်ယောက်နဲ့ ချစ်ကြိုက်ခဲ့ဖူးတယ်။ အဲ့ဒီတုန်းက ဆုံးဖြတ်လိုက်တာ ငါ အဲ့ဒီကောင်မလေးကို ရအောင်ကြိုးစားမယ်။ သူ ငါ့ကို ပြန်ကြိုက်လာအောင် လုပ်မယ်ဆိုပြီးတော့ပေါ့။ ကောင်မလေးက အ၀တ်အစားဗလာနဲ့ ကပြရတဲ့ အကမယ်လေးပါ။ နာမည်က Nikita တဲ့။ အဲ့ဒီတုန်းကဆို ကျွန်မအချိန်တိုင်း အဲ့ဒီကလပ်ပဲ ရောက်နေတာ။ တစ်ယောက်တည်းလည်း သွားတာပဲ။ အဲ့ဒီတုန်းက သူ့ကို ရေမွှေးတွေ၊ ဘော်ဒီစပရေးတွေ၊ မိန်းကလေး အသုံးအဆောင်တွေ အမြဲဝယ်ပေးခဲ့တယ်" လို့ သူမက အရင်တုန်းက အကြောင်းတွေ ပြောပြသွားခဲ့ပါတယ်။

မေသော် - Trend Myanmar

မှတ်ချက်များ