NLD က ကမ္ဘာ့ဘဏ် ကို ဖိတ်ခေါ်ရှင်းခိုင်း


ကမ္ဘာ့ဘဏ် ချေးငွေ တွေ နဲ့ အစိုးရ ရဲ့ မွေးမြူရေး နဲ့ ရေလုပ်ငန်း ဝန်ကြီး ဌာန က ဒေါ်လာ သန်း ၄ဝဝ တန် စီမံကိန်း တွေ အကောင် အထည် ဖော် ဆောင် ရွက် နေပါတယ်။

ဒီစီမံကိန်း တွေ ဟာ ဘယ်လောက် ပွင့်လင်း မြင်သာမှု ရှိသလဲ၊ ဘယ်လို လုပ်ဆောင် နေသလဲ ဆိုတာ သိရအောင် အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ် NLD က ကမ္ဘာ့ဘဏ် ကိုယ်စားလှယ်တွေ ကို ဖိတ်ခေါ် ရှင်းလင်း ပြစေ ခဲ့ပါတယ်။

NLD ရဲ့ ရည်ရွယ်ချက် က အတိုးမဲ့ ကမ္ဘာ့ဘဏ်က ချေးထားတဲ့ ငွေနဲ့ ဆောင်ရွက် တဲ့ စီမံကိန်း တွေ တိုင်းပြည်မှာ ဘယ်လောက် အကျိုးရှိ မရှိ သိချင်လို့ ရှင်းပြ စေခဲ့တာလို့ ဆွေးနွေးပွဲ မှာ တက်ခဲ့တဲ့ NLD လွှတ်တော် အမတ် ဒေါ်စန္ဒာမင်း က ပြောပါတယ်။

အစိုးရက လွှတ်တော်မှာ ရေလုပ်ငန်း ဝန်ကြီးကို လွှတ်ပြီး စာမျက်နှာ ၃ မျက်နှာ လောက်နဲ့ ရှင်းပြတာက မလုံလောက်ဘူး၊ အစိုးရ အနေနဲ့ ဘယ်တုံး ကမှ အပြည့်အစုံ ရှင်းပြလေ့ မရှိလို့ တဘက်ကို အကူအညီ တောင်းရတာ လို့ သူက ဆိုပါတယ်။

ကမ္ဘာ့ဘဏ် က နောက်ထပ် ပေးမယ့် အချက်အလက် တွေကို မူတည်ပြီး ဒီစီမံကိန်း တွေကို NLD က ထောက်ခံမခံ ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။

BBC Burmese

မှတ်ချက်များ