Pacquiao ရဲ့သမီးတွေကတော့ ''ကျေးဇူးပြုပြီး ဖေဖေကို နောက်တခါ အခုလို မယှဉ်ပြိုင်စေခြင်တော့ပါဘူး။ သူအကောင်းဆုံးလုပ်ဆောင်ခဲ့ပြီလို့" ပြောဆို

ဓါတ်ပုံ - hindustantimes
 Pacquiao ရဲ့သမီးကြီး ဖြစ်သူ Princess Pacquiao ကသူတို့ရဲ့အဖေဟာ အကောင်းဆုံးယှဉ်ပြိုင်ထိုးသတ်ခဲ့လို့ အနိုင်ခဲ့ပြီး နောက်ကြီးမားတဲ့ ထိခိုက်ဒဏ်ရာမရရှိတဲ့အတွက် အရမ်းကျေးဇူးတင်ကြောင်းပြောပါတယ်။

သမီးငယ်ဖြစ်သူကတော့ သူ့ဖေဖေဟာ အနိုင်ရဖို့အတွက် အကောင်းဆုံးကို ကြိုးစားခဲ့တာပါ။ ဖေဖေဟာ ကျွန်မတို့အတွက် စွမ်းအားရှင်လုပ်ပြနေတာ မဟုတ်ပါဘူး။  ဖေဖေအတွက်စိုးရိမ်တာ တစ်ခုပဲ ရှိတယ်။ သူဒဏ်ရာ နဲနဲရသွားတယ်။ ဒါပေမဲ့ ဒါကလဲ သေးသေးလေးဆိုတော့ မနားလောက်ပါဘူး။ လို့ ပြောဆိုသွားပါတယ်။
အင်တာဗျူးသူက ဖခင်ဖြစ်သူကို နောက်တခါ Mayweather နဲ့စိန်ခေါ်ပွဲချချင်ပါသေးသလားလို့ မေးကြည့်တဲ့အခါမှာတော့ သမီးကြီးဖြစ်သူ Princess Pacquiao က ဒီလူကြီးနဲ့တော့ ဘယ်တော့အခါမှ ပြန်ပြီး မယှဉ်ပြိုစေတော့ကြောင်း ပြောဆိုသွားပါတယ်။

မိသားစုဝင်တွေကတော့ အခုလို Pacquiao ရှုံးခဲ့ရပေးမဲ့ သူ့အတွက် ဂုဏ်ယူတဲ့အကြောင်း သူ့အတွက် အားပေးခဲ့ကြတဲ့သူတွေကို ကျေးဇူးတင်ကြောင်းပြောဆိုပါတယ်။

(လွင်ပြင်)

မှတ်ချက်များ