Tyga ကို Street Artist တစ်ယောက် တိုက်ခိုက်ကာ နာမည်လိုက်ဖျက်နေ
Compton မြို့သား ရပ်ပါ Tyga ဟာ Kylie Jenner နဲ့တွဲခဲ့တဲ့အတွက် အခုထိ တိုက်ခိုက်ခံနေရတုန်းပါ။ ဘာလို့လည်းဆိုတော့ ဖြစ်ရပ်မှန် ကြယ်ပွင့် Kylie Jenner ဟာ ၁၇ နှစ်ပဲ ရှိသေးလို့ပါ။ သူမဟာ ကျောင်းမတက်ပဲ လူထုကြားထဲမှာ အသက် ၂၅ နှစ် အရွယ် Tyga နဲ့တွဲပြခဲ့ခြင်းအတွက် ပရိတ်သတ်တွေအနေနဲ့ Tyga ကို ပိုမုန်းသွားစေပါတယ်။
Los Angeles မြို့မှာရှိတဲ့ Hanksy ဆိုတဲ့ Street Artist တစ်ယောက်ကတော့ Tyga ကို စတင်လှောင်ပြောင် လိုက်ပါပြီ။ TMZ သတင်းဌာန ရဲ့ ဖော်ပြချက်အရတော့ Hanksy ဆိုတဲ့ နာမည်ဟာ ဗြိတိန် Street Artist Banksy နဲ့ ရုပ်ရှင်မင်းသား Tom Hank တို့ကို ပေါင်းစပ်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။
Hanksy ဟာ Calavasa အထက်တန်းကျောင်း ပတ်ဝန်းကျင်မှာ Tyga ဟာ မိန်းမငယ်လေး တွေအတွက် အန္တရာယ်များတယ်ဆိုတဲ့ သတိပေး အမှတ်အသားကို ရေးဆွဲပြီး လိုက်လံချိတ်ဆွဲ ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် Kardashians မိသားစု နဲ့ Jenners မိသားစုတွေ နေထိုင်တဲ့ ရပ်ကွက်ထဲမှာလည်း Tyga ရဲ့ ရုပ်ပုံနဲ့ အတူ သတိပေးစာလို့ ရေးသားထားတဲ့ ဆိုင်းဘုတ်တွေကို ချိတ်ဆွဲ ဖော်ပြခဲ့ပါသေးတယ်။
Tyga ရဲ့ မိခင် Blac Chyna ကတော့ သူ့သားရဲ့ လုပ်ရပ်နဲ့ သူ့သားကို တိုက်ခိုက်မှုတွေအပေါ် စိတ်ပျက်နေ သလို Tyga ကလည်း TMZ သတင်းဌာနကို ထိုသတင်းအားဖော်ပြခဲ့တဲ့အတွက် အပြစ်တင် ရှုံ့ချထားပါတယ်။
Mario - Trend Myanmar

မှတ်ချက်များ