ဂီတဖက် မကူးဘူးဆိုတဲ့ ခင်ဝင့်ဝါက သရုပ်ဆောင်တစ်ခုတည်းကိုပဲ သီးသန့်လုပ်သွားမယ်လို့ ဖွင့်ဟ


Miss ရပြီးကတည်းက ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးလာရတဲ့ ခင်ဝင့်ဝါက ခေါင်းဆောင်မင်းသမီးတစ်ယောက်အနေနဲ့ လက်ရှိမှာ ဈေးကွက် တစ်ခုလဲ ရှိနေတာမို့ ကြိုးစားလျှောက်လှမ်းနေတဲ့ အနုပညာခရီးလမ်း အခက်အခဲတွေနဲ့ ဆက်လက် ရိုက်ကူးဖို့ရှိတဲ့ ဇာတ်ကားတွေအကြောင်းမေးမြန်းပြောဆိုဖြစ်တဲ့အခါ

"ဇာတ်လမ်းပိုင်းဆိုင်ရာရွေးချယ်မှုက ကိုယ်နဲ့လိုက်ဖက်တဲ့ကာရိုက်တာကိုရွေးချယ်ဖြစ်တယ်။ ငြင်းတာမျိုးတော့ မရှိသေးဘူးပေါ့။ ခုလတ်တလောမှာ ဆက်တိုက်က ဗီဒီယိုတွေပဲ ရိုက်ဖြစ်နေတယ်။ ခု၂၀၁၅ထဲမှာ ရိုက်ဖြစ်တာက ဒရာမာ ပုံစံလေးတွေပေါ့။ နောက်ထပ်ရိုက်မဲ့ ကားလေးတွေကပေါ့ပေါ့ပါးပါး ဖန်စီလေးတွေ များတယ်။ လက်ရှိမှာ အခုအသက်အရွယ်နဲ့လိုက်ဖက်တဲ့ ပုံစံလေးတွေပဲ အများဆုံးရိုက်ဖြစ်နေပါတယ်။ကိုယ့်ဆီကို လာသမျှဇာတ်ရုပ်တိုင်းကို အကောင်းဆုံးကြိုးစားသွားမယ်။

 မနှစ်ကခင်ဝင့်ဝါနဲ့ ဒီနှစ်ခင်ဝင့်ဝါနဲ့တောင်မတူဘူး။ နောက်နှစ်၊နောက်နှစ်တွေမှာလဲ အကောင်းဆုံးနဲ့ အပြောင်းအလဲတစ်ခုအဖြစ် ပရိသတ်မြင်ရအောင် အမြဲကြိုးစားသွားပါမယ်။ ညီမခု သရုပ်ဆောင်ပိုင်းကို သွားနေတာဆိုတော့ အဲ့ဒီပိုင်းမှာလိုအပ်ချက် မရှိအောင်အတတ်နိုင်ဆုံးပြင်ဆင်တယ်။ ကြိုးစားတယ်။ ၀ါရင့်သရုပ်ဆောင် အစ်ကိုတွေ အစ်မတွေပြောတဲ့ အတိုင်းလေ့လာတယ်။ လိုအပ်တဲ့နေရာလေးတွေ ပြင်ဆင်တယ်။ ကိုယ့်အားနည်းချက်တွေကို လေ့လာပြီးအကောင်းဆုံးဖြစ်အောင်ကြိုးစားပါတယ်။"လို့ သူမက ပြောပါတယ်။

လတ်တလောမှာ သူမဟာ ဆူးခတ်တွေပြည့်နေတဲ့လျှောက်နေကျလမ်းလေးပေါ်မှာ ဆိုတဲ့ဇာတ်ကားကို အောင်ရဲလင်းနဲ့အတူ ပါဝင်သရုပ်ဆောင်နေပြီး ဒီဇာတ်ကားပြီးသွားရင်တော့ မင်းသွေးနဲ့စရိုက်ဖို့ရှိတယ်လို့လည်း ဆိုသွားပါသေးတယ်။

နောက်ထပ်သူမပြောပြသွားတဲ့ အကြောင်းအရာကတော "အချစ်ရေးနဲ့ပတ်သက်ပြီးက ဘာမှထွေထွေထူးထူးမရှိသေးပါဘူး။ လတ်တလောက အေးအေးဆေးဆေးပါပဲ။ ထူးထူးခြားခြားပြောပြစရာ ဘာမှမရှိသေးပါဘူး။ ဂီတဖက်လဲကူးဖို့လုံးဝအစီအစဉ်မရှိပါဘူး။ နယ်ရှိုးတွေလဲမသွားဖြစ်ဘူး။ သရုပ်ဆောင်တစ်ခုတည်းကိုပဲသီးသန့်ရပ်တည်နေပါတယ်"တဲ့။

ခင်ဆွေသက် - Trend Myanmar

မှတ်ချက်များ