ယခင် စေ့စပ်ထားတဲ့ ရည်းစားဟောင်းနဲ့ လက်ထပ်ဖို့ စီစဉ်နေကြောင်း ပြောပြနေတဲ့ သနားစရာလေး Miley Cyrus



Miley Cyrus က တလောကမှ ချစ်သူနဲ့ လမ်းခွဲခဲ့တဲ့ တစ်ကိုယ်ရေ တစ်ကာယသမားတစ်ဦးဖြစ်ပြီး သူမ ချစ်သူဟောင်း Liam Hemsworth နဲ့ ရုတ်တရက် အဆက်အသွယ် ရပ်ဆိုင်းလိုက်ခြင်းသာ ဖြစ်တာကြောင့် သူတို့ လက်ထပ်မင်္ဂလာပွဲကို သူမ စီစဉ်နေကြောင်း မိတ်ဆွေအပေါင်းအသင်းများကို သူမ ပြောပြနေတယ်လို့ သတင်းထုတ်ပြန်ချက် အသစ်တစ်ခုမှ အခိုင်အမာဆိုပါတယ်။

အသက် ၂၁ နှစ်အရွယ် Patrick Schwarzengger နဲ့ပတ်သက်ပြီး အားလုံးကို အပြီးသတ်လိုက်တာဟာ Miley Cyrus ၂၂ နှစ် ရဲ့ အချစ်ရေးကို မထိခိုက်ဘဲ မနေပါဘူး။

တကယ်တော့ အားလုံးဆီ နောက်ပြန်လှည့်ပြီး အခုဆို သူမ ချစ်သူဟောင်း Liam Hemsworth နဲ့ လက်ထပ်ဖို့တောင် စီစဉ်နေတယ်လို့ ဆိုပါတယ်။

သို့သော် မင်းသား Liam Hemsworth မှာ ဒီအကြောင်းကို စိတ်ဝင်စားတဲ့ အရိပ်အယောင် လုံးဝမရှိပါဘူး။

Miley Cyrus အနေနဲ့ Liam နဲ့ တဖြည်းဖြည်း ပြေလည်အောင်လုပ်ချင်ကြောင်း မိတ်ဆွေများကို ပြောပြတဲ့ အဆင့်ကနေ လက်ထပ်ဖို့ စီစဉ်နေတယ်ဆိုပြီး ပြောပြနေတဲ့ အနေအထားထိ ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။

သူ့ကိုချစ်တာ ဘယ်တော့မှ ရပ်မသွားခဲ့ဘူး။ ပြီးတော့ နှစ်ယောက်အတူ ပြန်လည်ပေါင်းစည်းမယ်လို့ မျှော်လင့်ချက် အမြဲထားခဲ့တယ်လို့ ဆိုပါတယ်။

ပေါ်ထွန်း - Trend Myanmar

မှတ်ချက်များ