ဖုန်းထဲက 2D မြင်ကွင်းတွေကို 3D အဖြစ်ပြောင်းလဲပေးမယ့် Holus


Holus ဟာ ဖောက်ထွင်းပြီး မြင်နိုင်မယ့် စားပွဲတင် သေတ္တာတစ်လုံးဖြစ်ပြီး ထို သေတ္တာဟာ သင့်ရဲ့ စမတ်ဖုန်း (သို့) တတ်ဘလတ် ထဲက 2D content တွေကို 3D အဖြစ် ပြောင်းလဲပြသပေးမှာဖြစ်ပါတယ်။

ကနေဒါနိုင်ငံက H+ နည်းပညာနဲ့ ဖန်တီးထားတဲ့ ပိရမစ် ပုံစံ စားပွဲတင်သေတ္တာဟာ 3D မြင်ကွင်းတွေက ရှုထောင့် အမျိုးမျိုးက ကြည့်ရှုနိုင်မှာဖြစ်တဲ့အတွက် တစ်စုံတစ်ယောက်နဲ့ Video Call တွေ ပြုလုပ်တဲ့အခါမျိုးမှာ တစ်အိမ်လုံး ကြည့်ရှု ပြောဆိုနိုင်တော့မှာ ဖြစ်ပါတယ်။

Holus ဟာ တစ်ကယ်တော့ Pepper’s Ghost လို့ခေါ်တဲ့ နည်းပညာကို အခြေခံ ဖန်တီးထားတာဖြစ်ပါတယ်။ Pepper’s Ghost နည်းပညာဟာ 3D တင်ဆက်မှု နဲ့ပေါင်းပြီး သေဆုံးသွားတဲ့ အနုပညာရှင်တွေဖြစ်တဲ့ Tupac Shakur နဲ့ Michael Jackson တို့ကို စင်ပေါ်မှာ ဖျော်ဖြေနေတဲ့ မြင်ကွင်းမျိုး ကို ဖန်တီးပေးခဲ့တဲ့ နည်းပညာပဲ ဖြစ်ပါတယ်။

တူညီတဲ့ ဓါတ်ပုံ ၄ ပုံဟာ ထို သေတ္တာ အတွင်းမှာ ရှိတဲ့ နံရံတွေမှာ ထင်ဟပ်နေမှာ ဖြစ်တဲ့အတွက် ဘယ်ရှုထောင့်ကမဆို 3 Dimensions မြင်ကွင်းတွေ အဖြစ် ပြသပေးနိုင်တာပဲ ဖြစ်ပါတယ်။

“Holus အတွက် ငါတို့ရဲ့ ရည်မှန်းချက်ဟာ လူတိုင်းအသုံးပြုလို့ရနိုင်မယ့် ပွင့်လင်းတဲ့ Platformတစ်ခု ဖန်တီးဖို့ဖြစ်တယ်” လို့ H+ နည်းပညာရဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်တဲ့ Vincent Yang က ဆိုပါတယ်။

Holus ကို Kickstarter စာမျက်နှာမှာ စတင် မိတ်ဆက်လိုက်တဲ့အခါမှာပဲ ၁၇ မိနစ်အတွင်း လူကြိုက်အများဆုံး နည်းပညာတစ်ခုလည်း ဖြစ်လာခဲ့ပါတယ်။ ထို Holus ကိုတော့ ဒေါ်လာ ၈၅၀ နှုန်းနဲ့ မှာယူနိုင်မှာ ဖြစ်ပါတယ်။

Mario - Trend Myanmar

မှတ်ချက်များ