တစ်ကိုယ်တော်အယ်လ်ဘမ်ထွက်မယ့် 4 minute အဖွဲ့ဝင် ဟွန်းနား


တောင်ကိုရီးယားမိန်းက လေးအဆိုရှင်များအဖွဲ့ 4minute မှ အဖွဲ့ဝင်ဟွန်းနားသည် တစ် ကိုယ်တော်အနုပညာလှုပ်ရှားမှု ပြန်လည်စတင်ရန်ပြင်ဆင်နေ သည်။

‘‘ကေပေါ့ပ်စတားဟွန်းနား ဟာ တစ်ကိုယ်တော်တေးအယ်လ် ဘမ်ထွက်ဖို့လုပ်နေပါတယ်။ အဲဒီ အယ်လ်ဘမ်ထွက်ဖို့ ပြင်ဆင်နေတာ ကြာပါပြီ။ လာမယ့်သြဂုတ်လမှာ ထွက်ဖြစ်မယ်လို့ စိတ်ကူးထားပါတယ်။ အသေးစိတ်အခြေအနေ ကိုတော့ မဆုံးဖြတ်ရသေးပါဘူး’’ ဟု 4minute အဖွဲ့အေဂျင်စီ Cue Entertainmet က ဇွန်လ ၅ ရက် တွင်ပြောသည်။

ဟွန်းနားသည် Red သီချင်း ထွက်ရှိပြီးနောက် တစ်နှစ်ခန့် အကြာတွင် အယ်လ်ဘမ်သစ် ထွက်ရှိခြင်းလည်းဖြစ်သည်။ ဟွန်းနားသည် ၂၀၁၀ ပြည့်တွင် Change သီချင်းဖြင့် တစ်ကိုယ် တော်အနုပညာလှုပ်ရှားမှုစတင်ခဲ့ ပြီး Bubble Pop, Ice Cream သီချင်းများဖြင့် ကေပေါ့ပ်လော က၏ ဆွဲဆောင်မှုရှိသူတစ်ဦးဖြစ် လာသည်။ ဟွန်းနား၏ လာမည့် တစ်ကိုယ်တော်အနုပညာလှုပ် ရှားမှုကို ပရိသတ်များအထူးမျှော် လင့်စောင့်စားလျက်ရှိသည်။

7 Day Daily

မှတ်ချက်များ