မေ ၂၉ ရက် နံနက် ၉ နာရီခွဲက ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့ နယ် ကျွဲရိုင်းပြင်ကျေးရွာအုပ်စု ကရင် ချောင်း သစ်တောကြိုးဝိုင်း သက္ကယ် ကျင်းကျေးရွာ တောင်ဘက် တစ်မိုင်ခန့်အကွာရှိ တောရ ကျောင်းတွင်တစ်ပါးတည်း သီတင်း သုံးနေထိုင်သော ဆရာတော်အား တူမီးသေနတ်နှင့် ချောင်းပစ်ခံရ၍ပျံလွန်တော်မူခဲ့ကြောင်း သိရသည်။
အခင်းဖြစ်ပွားရာသို့ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ဥာဏ်ဝင်း၊ မြို့မ စခန်းမှူး ဒုတိယရဲမှူး ကျော်ဇေယျ၊ နယ်ထိန်းခေါင်းဆောင် ရဲအုပ် ဌေးလွင်နှင့်အဖွဲ့က ဆရာတော်၏ အလောင်းအား စစ်ဆေးရာတွင် ဝဲဘက်နံဘေး၊ ဝဲဘက်တံတောင် ဆစ်တို့တွင် တူမီးသေနတ်ဒဏ်ရာ သုံးချက်ရရှိထားသည်ကို တွေ့ရှိရ သည်။
သက္ကယ်ကျင်းတဲစုနေ ယဉ်ထွေး (၄၇ နှစ်)ဆိုသူသည် တူမီးသေနတ် ရှိပြီး အခင်းမဖြစ်မီ နှစ်ရက်ခန့်က ဆရာတော်နှင့် စကားများခဲ့ဖူး ကြောင်း သတင်းအရ ယဉ်ထွေးအား ဆက်လက် စစ်ဆေးနိုင်ရန် ရဲစခန်းသို့ ခေါ်ဆောင်လာခဲ့သည်။
ဆက်စပ် စစ်ဆေးမှုများအရ ဆရာတော်နေထိုင်သော တော အတွင်းမှ ဝါးခုတ်ရာတွင် ခုတ်သူရော၊ ဝယ်သူထံမှပါ ဝါးတစ်လုံးလျှင် ငွေကျပ် ၁ဝ ပေးရသည်ကို မကျေနပ် ရာမှ ညအချိန် တောလမ်းအတိုင်း ပြန်လာစဉ် တူမီးသေနတ်နှင့် ချောင်း ပစ်ခဲ့ကြောင်း သိရ၍ ရေတာရှည်မြို့မ ရဲစခန်းက အမှုဖွင့်စစ်ဆေးလျက်ရှိ ကြောင်း သိရသည်။
ကိုလွင်(ဆွာ) - Myanmaalinn

မှတ်ချက်များ