ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံကို ရောက်ရှိ


NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ပထမဆုံး တရုတ်နိုင်ငံခရီးစဉ် အဖြစ် ဘေဂျင်းမြို့ကို ဒီကနေ့ ရောက်ရှိသွားပြီ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့ကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ရန်ဟိုလန်က ဒီနေ့မနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို လိုက်ပါပို့ဆောင်ပေးခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ၅ ရက်ကြာ ခရီးစဉ်အတွင်း တရုတ်သမ္မတ ရှီကျင်းဖျင်၊ ဝန်ကြီးချုပ် လီကွတ်ခိုင် တို့နဲ့လည်း တွေ့ဆုံဖို့ရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဒေါက်တာတင်မာအောင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်နဲ့ ဦးဖြိုးမင်းသိန်းတို့လည်း အတူလိုက်ပါသွားပါတယ်။

RFA Burmese

မှတ်ချက်များ