ရန်ကုန်ကားဈေးကွက်အတွင်း ကားပါကင်တစ်နေရာလျှင် ကျပ်ငါးသိန်းဝန်းကျင်သာရှိတော့ဟုဆို

ကားပါကင်များ ဦးထားသည်ကို တွေ့ရစဉ်။ ဓါတ်ပုံ - ရဲနောင် (ဖယ်ခုံ)
ရန်ကုန်ကားဈေး ကွက်အတွင်း ကားပါကင်မြေနေရာ တစ်ခုလျှင် ကျပ်သုံးသိန်းဝန်းကျင် အထိ ပြန်လည်ကျဆင်းသွားကာ လက်ရှိတွင် ကျပ်ငါးသိန်းဝန်းကျင် သာရှိတော့ကြောင်း ယာဉ်ရောင်း ဝယ်ရေးလုပ်ကိုင်သူများထံမှ သိရ သည်။

ကညနမှ ကားပါကင်ထောက် ခံချက် လျှောက်ထားရာတွင် လျှောက် ထားသောလိပ်စာအတိုင်း ကားများ ထားရှိခြင်းမရှိသည့်အတွက် မေလ တတိယပတ်အတွင်း ကားပါကင် ထောက်ခံချက်များကို ကညနမှ ချမ ပေးခြင်းကြောင့် ကားပါကင် မြေနေ ရာဈေးများ ကျပ်ရှစ်သိန်းကျော်ထိ တက်သွားခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ကညနမှ ကားပါကင်ထောက်ခံချက် စာများကို မေလစတုတ္ထပတ်နှင့် ဇွန် လပထမတွင် ကားပါကင်ထောက် ခံချက်များ ချထားပေးမှု များခြင်း ကြောင့် ကားပါကင်မြေနေရာဈေး များ ကျဆင်းသွားခြင်းဖြစ်ကြောင်း သိရသည်။

အောင်ကမ္ဘာ ကားအရောင်းစင် တာမှ ကိုငယ်က ''ကားပါကင်ဈေး တွေ ပြန်ကျဆင်းသွားတယ်။ ကညန မှ မေလတတိယပတ်က ကားပါကင် ထောက်ခံချက်ကို ချမပေးတော့ ကား ပါကင်တွေရှာပြီး ဈေးက ကျပ်ရှစ် သိန်းကျော်ထိ တက်သွားတာပါ၊ အ ခု ကညနက ကားပါကင်ထောက်ခံ ချက် ချပေးလိုက်တာများသွားတော့ ပါကင်မြေနေရာတွေ ပြန်ကျသွား တယ်။ အရောင်းအဝယ်ကကောင်း လိုက်မကောင်းလိုက်နဲ့ ပုံမှန်မရှိဘူး'' ဟု ပြောသည်။

ယခင်က ကားပါကင်မြေနေရာ တစ်နေရာလျှင် ကျပ်ရှစ်သိန်းပေါက် ဈေးရှိခဲ့ပြီး လက်ရှိတွင် ကားပါကင် မြေနေရာတစ်နေရာလျှင် ကျပ်ငါး သိန်းသာရှိတော့သည်အထိ ကျဆင်း သွားကြောင်း သိရသည်။

လှိုင်ယာဉ်ရောင်းဝယ်ရေးစခန်း မှ ဝါရင့်ကားဝယ်ရောင်းလုပ်ကိုင်သူ ဦးပေါက်က ''အခု ကားပါကင်မြေ တစ်နေရာကို သုံးသိန်းလောက်ကျ သွားတယ်။ ကားပါကင်တောင်းခံတဲ့ ကိစ္စကို ပယ်ဖျောက်သင့်ပါတယ်။ က ညနကအမျိုးမျိုးလုပ်နေတာကို တို့လဲ ဘာမှကိုမသိတော့ပါဘူး။ အခုလဲ မေ တတိယပတ်က ကားပါကင်ထောက် ခံချက်ချမပေးဘူး၊ ဒါကြောင့် ဈေးက ထိုးတက်သွားတာ။ အရောင်းအဝယ် ကတော့ ပျက်တာကများတယ်'' ဟု ပြောသည်။

လက်ရှိ ရန်ကုန်ကားဈေးကွက် တွင် အပ်ကားရှားပြီး စလစ်ဈေးများ မြင့်တက်နေခြင်းနှင့် ကားပါကင်ပြ ဿနာကြောင့် ကားဈေးနှုန်းများပါ လိုက်လံမြင့်တက်ကာ အရောင်းအ ဝယ်များ အေးစက်နေကြောင်း ကား ဝယ်ရောင်းများထံမှ သိရသည်။

ACKK - ‎Democracytoday‬




မှတ်ချက်များ