တမန်တော်ကိုရိုင်းစိုင်းစော်ကားတာကြောင့် ခိုငှက်များသားဖောက်မွေးဖွားခွင့် အိုင် အက်စ်တို့ ပြင်းပြင်းထန်ထန်ပိတ်ပင်
ဦးခေါင်းပေါ်ကနေ ဖြတ်သန်းပျံသန်းသွားတဲ့ ခိုတွေက တမန်တော်တန်ခိုးအရှိန်တော် တွေကို ပုတ်ခတ်စော်ကားတယ်လို့ဆိုကာ ဆီးရီးယားနဲ့ အီရတ်နိုင်ငံတွေမှာ ခြေကုတ် စခန်းတွေသိမ်းယူထားတဲ့ အစ္စလာမ်မစ် စစ်သွေးကြွအိုင်အက်စ်အဖွဲ့တွေက ခိုငှက်များ သားပေါက်မွေးမြူခြင်းကို ပြင်းပြင်းထန်ထန် တားမြစ်လိုက်ပါတယ်။
များသောအားဖြင့် ဘုရားဝတ်ပြုဆုတောင်းနေချိန်တွေမှာ ခိုငှက်တွေကလူတွေရဲ့ ဦး ခေါင်းထက်ကနေ ပျံသန်းသွားပြီး မစင်များစွန့်သွားခြင်းကြောင့် အဝတ်အစားနဲ့ ခန္ဓာ ကိုယ်တွေမှာ ညစ်ပတ်နံစော်ပေရေမှုတွေကို ကြုံတွေ့လာရပါတယ်။ ယင်းကဘုရား ဝတ်ပြုဆုတောင်းသူတွေအတွက် စိတ်ရှုပ်ထွေးကသိကအောက်ဖြစ်စေပြီး တမန်တော် ကိုလည်း မရိုသေရိုင်းစိုင်းရာရောက်တယ်လို့လည်း ဆိုပါတယ်။
ထို့ကြောင့် အိုင်အက်စ် အုပ်ချုပ်မှုလက်အောက်ပြည်နယ်က ပြည်သူတွေက ယင်းခိုငှက် တွေကို ကျွေးမွေးခြင်း၊ မွေးမြူခြင်း လုံးဝမပြုရန် ပြင်းပြင်းထန်ထန်တားမြစ်ထားပြီး ခိုငှက်တွေကိုလည်း မြင်မြင်သမျှနဲ့ ဖမ်းဆီးသတ်ဖြတ်ဖို့လည်းလှုံ့ဆော်ထားပါတယ်။
သိပ်မကြာသေးမီ ရက်အနည်းငယ်က ခိုစာကျွေးမွေးမြူတဲ့လူငယ်သုံးဦးကို လူမြင်ကွင်း ရှေ့မှာပဲပြင်းထန်တဲ့ နှိပ်စက်ညှင်းဆဲမှုတွေ၊ ကြိမ်ဒဏ်ပေးရိုက်နှက်မှုတွေ ပြုလုပ်ပြီး ကားစင်တင် သုတ်သင်သတ်ဖြတ်လိုက်တယ်လို့သိရပါတယ်။
ဖိုးသူတော်

မှတ်ချက်များ