အမည်မသိ သေနတ်သမားများ ပစ်ခတ်မှုကြောင့် ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင် လေးဦးသေဆုံး
ထိုင်းနိုင်ငံ တောင်ပိုင်းတွင် အမည်မသိ သေနတ်သမား များ၏ ပစ်ခတ်မှုကြောင့် ထိုင်းလုံခြုံရေး တပ်ဖွဲ့ဝင် လေးဦး သေဆုံးခဲ့မှုနှင့် စပ်လျဉ်း၍ အာဏာပိုင် များက စုံစမ်း စစ်ဆေးလျက် ရှိကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှု များသည် နိုင်ငံတောင်ပိုင်း ယာလာ ပြည်နယ် ရှိ လမ်းမကြီး တစ်ခု ပေါ်တွင် ဇွန် ၃ ရက်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး အမည်မသိ လက်နက်ကိုင် များက ထိုင်းလုံခြုံရေး တပ်ဖွဲ့ဝင် များကို တင်ဆောင် လာသော မော်တော်ယာဉ် ကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ယင်းနောက် အဆိုပါ သေနတ်သမား များသည် အစိုးရ တပ်ဖွဲ့ဝင် များထံမှ သေနတ်များကို လုယက် ယူငင်၍ အခင်း ဖြစ်ပွားရာနေရာမှ ထွက်ပြေး သွားခဲ့သည်။ အလားတူ ဇွန် ၃ ရက် ညပိုင်းကလည်း ပထ္ထနီပြည်နယ် တွင် အမည်မသိ သေနတ်သမား များက ထိုင်းတပ်ဖွဲ့ဝင် များကို တင်ဆောင် လာသည့် မော်တော်ယာဉ် တစ်စီးကို တိုက်ခိုက်ခဲ့ရာ အစိုးရ တပ်ဖွဲ့ဝင် ရှစ်ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း၊ ၄င်းတို့အနက် နှစ်ဦးမှာ ဒဏ်ရာပြင်း ထန်ကြောင်း အာဏာပိုင် များ၏ ပြောကြားချက် အရ သိရသည်။ မလေးရှားနိုင်ငံ နယ်စပ်နှင့် ထိစပ်လျက်ရှိသည့် ထိုင်းနိုင်ငံ တောင်ပိုင်းရှိ ပြည်နယ် များသည် မူဆလင် ခွဲထွက်ရေး သူပုန်များ၏ မကြာခဏ တိုက်ခိုက်မှု များကြောင့် ၂ဝဝ၄ ခုနှစ်မှစ၍ အရပ်သား ဦးရေ ၆၅ဝဝ ကျော် သေဆုံးခဲ့ ရပြီး ဖြစ်ကြောင်း သိရသည်။
PyiChitThar

မှတ်ချက်များ