မသန်စွမ်းတွေ အတွက် အကောင်းဆုံး လုပ်ဆောင်ပေးနေတဲ့ လူငယ်လေး


လူမှုအကျိုးပြု လုပ်ငန်းမှာ အသက် (၁၅)နှစ်သာရှိသေးတဲ့ လူငယ်တစ်ဦး အားသက်ဆောင်ရွက်နေတာမြင် တွေ့ရလို့ အံ့အားသင့်စရာ ဖြစ်ခဲ့ပါတယ်။ လူမှု အကျိုး ပြု လုပ်ငန်းဟာ အသက်ကြီးတာ၊ ငယ်တာ နဲ့မဆိုင်သလို ငွေကြေးပြည့်စုံမှ လုပ်နိုင်မယ် ဆိုတဲ့ အယူအဆ ကလည်း မှားယွင်း တယ်ဆိုတာ အမေရိကန် ပြည်ထောင်စု၊ မီချီဂန်ပြည်နယ်မှာနေထိုင်တဲ့ လူငယ်လေး ဟန်တာဂန်ဒီက သက်သေပြ သွားခဲ့ပါတယ်။

ဟန်တာဂန်ဒီဟာ မသန်စွမ်းတွေကို အလေးထားပေးဖို့ ထူးခြားတဲ့ လုပ်ဆောင်မှု တစ်ခုကို လုပ်ပြခဲ့ပါတယ်။ အဲဒါကတော့ ဟန်တာဂန်ဒီပာာ ငယ်စဉ် ကတည်းက အာရုံကြော ဝေဒနာကြောင့် လမ်းမလျှောက်နိုင်ခဲ့တဲ့ ညီဖြစ်သူကို နောက်ကျောမှာ ချီပိုးပြီး (၅၇) မိုင်ခရီးကို လမ်းလျှောက်ပြ ခဲ့ခြင်း ဖြစ်ပါတယ်။ အသက် (၈)နှစ်သာရှိသေး တဲ့ ဟန်တာဂန်ဒီရဲ့ညီဟာ အာရုံကြော ဝေဒနာကို ငယ်စဉ် ကတည်းက ခံစားနေရ ပြီး အကျိုးဆက် ကတော့ အဖော်မပါဘဲ လမ်းလျှောက်နိုင်ခြင်း မရှိတော့ပါဘူး။

ဒီလို ရောဂါ ဝေဒနာရှင်တွေကို လူသားတွေ သတိပြု လာစေဖို့၊ ကူညီနိုင်ဖို့ အတွက် ရည်ရွယ်ပြီး ဟန်တာဂန်ဒီက ညီဖြစ်သူကို ချီပိုးပြီး ရှည်လျားတဲ့ ခရီးမိုင်ကို လမ်းလျှောက်ပြခဲ့ခြင်း ဖြစ်ပါတယ်။ ဟန်တာဂန်ဒီဟာ ပြီးခဲ့တဲ့နှစ် မှာလည်း ဒီလိုမျိုး ပြုလုပ်ခဲ့ ပေမယ့် မိုင် (၄၀) အထိသာ လျှောက်ပြခဲ့ ပါတယ်။ဒီနှစ်မှာ တော့ ဟန်တာဂန်ဒီဟာ လူတွေ စိတ်ဝင်စားအောင် ခရီးမိုင် အကွာအဝေးကို တိုးခဲ့ပြီး အခြား နာမည်ကျော်တွေနဲ့ ပူးပေါင်း ဆောင်ရွက်မှုပြုခဲ့ ပါတယ်။

messenger

မှတ်ချက်များ