သောက်သုံးထားတဲ့ ကဖိန်းပမာဏပေါ်မူတည်ပြီး ဆေးခြောက်ရဲ့ သက်ရောက်မှု ပြောင်းလဲနိုင်


ဆေးခြောက်ရှူရှိုက်စဉ် ကော်ဖီအများကြီးသောက်သုံးခြင်းဟာ ဆေးခြောက်ကို ပိုမိုစွဲစေတယ်လို့ သုတေသနသစ် တစ်ရပ်က ဆိုလိုက်ပါတယ်။ ကော်ဖီထဲမှာပါတဲ့ ကဖိန်းဓာတ်က ဆေးခြောက်ရဲ့အာနိသင်ကို တိုးမြှင့်စေလိုက်လို့ပါပဲ။

ဒီလိုဖြစ်ရခြင်းဟာ သင် ကော်ဖီပမာဏ ဘယ်လောက်များများ သောက်ထားတယ် ဆိုတာအပေါ် လုံးဝ မူတည်ပါတယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။ တစ်ဖက်မှာ လည်း ကော်ဖီနည်းနည်းသာ သောက်သုံးခြင်းက ဆေးခြောက်စွဲခြင်းကို တားဆီးပေးနိုင်တယ်ဆိုတဲ့ အချက်ကိုလည်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ဒီလေ့လာမှုကို ဘာတီမောမြို့ အမျိုးသား မူးယစ်တိုက်ဖျက်ရေးကောလိပ်က မျောက်တွေနဲ့ စမ်းသပ်မှုပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ မျောက်တွေကို ဆေးခြောက်ပမာဏ အတူတူပေးခဲ့ပေမဲ့ ကဖိန်းဓာတ် အနည်းငယ်သာ အပေးခံရတဲ့ မျောက်တွေဟာတော့ ကိုယ့်ကိုကိုယ် ထိန်းချုပ်နိုင်တာကို တွေ့ရပါတယ်။

“သူတို့ရဲ့ စွဲလန်းစေခြင်း သက်ရောက်မှုက တစ်ခုနဲ့တစ်ခု ဆက်စပ်နေပါတယ်။” လို့ ဒေါက်တာ ဂရေး ၀န့် က အောက်စ်ဖို့ဒ် တက္ကသိုလ် ပုံနှိပ်ထုတ်ဝေမှုမှာ ရှင်းပြခဲ့ပါတယ်။

ThitHtooLwin

မှတ်ချက်များ