လူကုန်ကူးခံရသည့် မြန်မာရေလုပ်သား ၁၂၉ ဦး ထပ်မံရောက်ရှိ

အင်ဒိုရောက် ရေလုပ်သား ၅၃၅ ဦးအနက်မှ ကျန်ရှိနေသည့် လူတစ်ရာကျော်အား ဇွန် ၄ ရက်တွင် အပြီးသတ်ပြန်ခေါ်မည်ဟုဆို
အင်ဒိုနီးရှား တွင် မြန်မာနိုင်ငံမှ လူကုန်ကူးခံရ သည့် မြန်မာရေလုပ်သား ၅၃၅ ဦး အနက်မှ ကျန်ရှိသောရေလုပ်သား တစ်ရာကျော်ကို ဇွန် ၄ ရက်တွင် အပြီးသတ် ပြန်လည်ခေါ်ဆောင် သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်းနိုင်ကပြောသည်။

လူကုန်ကူးခံရသည့် မြန်မာရေ လုပ်သား ၁၂၉ ဦးကို တတိယအ ကြိမ်မြောက် နိုင်ငံတော်အစီအစဉ် ဖြင့် မေ ၂၈ ရက်က ခေါ်ဆောင်ခဲ့ပြီး ယင်းနေ့ ညပိုင်းတွင် လူမှုဝန်ထမ်း ဦးစီးဌာန မသန်စွမ်းသက်ငယ်သင် တန်းကျောင်း၌ မီဒီယာများအား ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ် သည်။

''လူကုန်ကူးခံရတဲ့သူတွေကို ပြန်လည်ခေါ်ဆောင်နေတာတွေက အမြဲရှိပါတယ်။ ဒါပေမဲ့ ဒီလိုမျိုး ရာ ကျော်ခေါ်ဆောင်တာတော့မရှိသေး ဘူး။ အင်ဒိုနီးရှားမှာ ကျန်ရှိနေတဲ့ လူကုန်ကူးခံရတဲ့ရေလုပ်သား တွေ ကို နောက်ဆုံးသုတ်အနေနဲ့ ၅၃၅ ဦးထဲက ကျန်တဲ့သူတွေကို ဇွန် ၄ ရက်မှာခေါ်ဆောင်ဖို့စီစဉ်ပြီးပြီ။ လူ ကုန်ကူးခံရသူတွေရဲ့နစ်နာမှုကိုဖော် ထုတ်ပြီး အရေးယူဆောင်ရွက်သွား မှာဖြစ်တယ်။ ရေလုပ်သားတွေရဲ့နစ် နာမှုနဲ့ပတ်သက်ပြီးလဲ အင်ဒိုနီးရှား အစိုးရနဲ့ ဆက်လက်ညှိနှိုင်းဆောင် ရွက်သွားမယ်''ဟု ၄င်းကပြောကြား ခဲ့သည်။

အဆိုပါ လူကုန်ကူးခံရသူများ သည် အင်ဒိုနီးရှားနိုင်ငံ ထိုင်းငါးဖမ်း စက်လှေများပေါ်တွင် အတင်းအဓမ္မ ခိုင်းစေခံရခြင်း၊ လုပ်ခလစာများကို ခေါင်းပုံဖြတ်ခံရခြင်းစသည့် လူကုန်ကူး ခံရသည့် ရေလုပ်သားများဖြစ်ပြီး အင်ဒိုနီးရှားအစိုးရနှင့် မြန်မာနိုင်ငံ အစိုးရ နှစ်နိုင်ငံပူးပေါင်းကာ MAI လေကြောင်းလိုင်းနှင့် ပြန်လည်ခေါ် ဆောင်ခြင်းဖြစ်သည်။

Social Action for Women

မှတ်ချက်များ