တောင်ကိုရီးယား၌ လူနှစ်ဦး မားစ်ရောဂါဖြင့် သေဆုံးကြောင်း အတည်ပြု
အရှေ့အလယ်ပိုင်း အသက်ရှူလမ်းကြောင်းပိုင်းဆိုင်ရာရောဂါ(မားစ်)ကြောင့် တောင်ကိုရီးယားနိုင်ငံ၌ အင်္ဂါနေ့က ပထမဆုံး လူနှစ်ဦးသေဆုံးသွားခဲ့ကြောင်း ဆင်ဟွာသတင်းတွင်ဖော်ပြသည်။
အသက်(၅၈ နှစ်) အရွယ်ရှိအမျိုးသမီးတစ်ဦးသည် အဆိုပါရောဂါဖြင့် တနင်္လာနေ့က သေဆုံးခဲ့ရာ အင်္ဂါနေ့က အတည်ပြုနိုင်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။ ယင်းအမျိုးသမီးသည် မေ ၁၃ ရက်က ပန်းနာရင် ကျပ်ရောဂါဖြင့် ဆေးရုံတင်လိုက်ရသည်။
မေ ၁၅ ရက်မှစတင်ကာ အဆိုပါအမျိုးသမီးလူနာနှင့် သုံးရက်ကြာ သီးခြားထားရှိခဲ့ကြောင်း သိရသည်။ အသက်(၇၁ နှစ်)အရွယ်ရှိ အမျိုးသားတစ်ဦးမှာလည်း မေ ၂၈ ရက်က အဆိုပါ ရောဂါဖြင့်ကွယ်လွန်ခဲ့ကြောင်း တောင်ကိုရီးယား ကျန်းမာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
Myanmaalinn

မှတ်ချက်များ