အတွင်းခံဘောင်းဘီပဲ ၀တ်ပြီး သူများအိမ်ထဲ ခိုးဝင်ခဲ့တဲ့ အရက်မူးသမား


အမေရိကန်နိုင်ငံသား အမူးသမားတစ်ယောက်ဟာ အတွင်းခံဘောင်းဘီပဲ ၀တ်ဆင်ထားပြီး အာလူးကြော်များ စားသောက်ကာ သူများအိမ်အတွင်း ၀င်ရောက်မွှေနှောက်ကာ ခဲ့တဲ့အတွက် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ရတယ်လို့ ဆိုပါတယ်။

အသက် ၁၉နှစ်ရှိပြီဖြစ်တဲ့ Andrew Wozniak ဟာ နယ်နိမိတ်ကျူးလွန်မှု၊ တရားမ၀င် ၀င်ရောက်သုံးစွဲမှု စတဲ့ အမှုတွေနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

တနင်္ဂနွေနေ့က Greenwood ရှိ အိမ်တစ်အိမ်မှာ အိမ်ရှင်အိပ်ပျော်နေစဉ် ၀င်ရောက်ခဲ့တာဖြစ်ပြီး အိပ်ယာမှနိုးလာချိန်မှာတော့ Wozniak ဟာ အတွင်းခံသာဝတ်ဆင်ထားပြီး အာလူးကြော်တွေစားကာ သူ့ရဲ့ဧည့်ခန်းအတွင်း လှည့်ပတ်လျှောက်နေခဲ့တာဖြစ်တယ်လို့ WISE သတင်းဌာနက ဖော်ပြထားပါတယ်။

ရဲတွေဟာ Wozniak တစ်ယောက် အနီးအနားက အ၀တ်ဗလာနဲ့လျှောက်နေစဉ် ဖမ်းဆီးခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာ Wozniak ရဲ့ ခန္ဓာကိုယ်သွေးအတွင်းမှာ အရက်ပမာဏ ၀.၁၀၆ ရာခိုင်နှုန်းအထိ ရှိနေတာဖြစ်ပါသတဲ့။ Indiana နဲ့ အခြားပြည်နယ်တွေမှာ လူတစ်ယောက်ရဲ့ သွေးအတွင်းမှာ တရားဝင် ၀.၀၈ ရာခိုင်နှုန်း အရက်ပမာဏ ရှိနိုင်ပါသတဲ့။

ရဲအရာရှိတွေဟာ Wozniak ကို အနီးဆုံးဆေးရုံကို ပို့ဆောင်ပေးခဲ့ပြီး သူကတော့ ဆရာဝန်နဲ့ ရဲအရာရှိတွေကို “ ခင်ဗျားတို့တွေ အကုန်လုံးကို ကျုပ် ရိုက်ပစ်လိုက်ရ” လို့တောင် အော်ဟစ်ကြိမ်းမောင်းနေခဲ့ပါသတဲ့။

အဲဒီနောက် ရဲတွေက သူ့ကို Johnson County အကျဉ်းထောင်ကို ပို့ဆောင်ခဲ့ကြပါတယ်။

( MTN ) - သစ်ထူးလွင်
Ref : Upi

မှတ်ချက်များ