ဒေါင်းဖန်းယာဉ်နှင့် လိုက်ထရပ်တို့ မျက်နှာချင်းဆိုင်တိုက်၊ လေးဦးသေဆုံး
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် အုမ္မခါးကျေးရွာ မိုင်တိုင်အမှတ် (၆၉/၂) အနီးတွင် ဇွန် ၇ ရက် နံနက် ၉ နာရီခန့်က ပြင်ဦးလွင်ဘက်မှ နောင်ချိုမြို့ဘက်သို့ မြင့်နိုင် (၂၉)နှစ် နားမုံကျေးရွာ နောင်ချိုမြို့နယ်နေသူ မောင်းနှင်လာသည့် ဒေါင်းဖန်းအနီရောင် ခြောက်ဘီးယာဉ်နှင့် နောင်ချိုမြို့ဘက်မှ ပြင်ဦးလွင်ဘက်သို့ ယာဉ်မောင်း ကျော်ထွန်း မောင်းနှင်သည့် လိုက်ထရပ်အဖြူရောင် ယာဉ်အမှတ် 8L ...တို့ မျက်နှာချင်းဆိုင်တိုက်မိ ကြရာ အမျိုးသားသုံးဦး၊ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် မသီသီခိုင် (၄၁)နှစ်၊ ကျော်အောင်၊ ကျော်နိုင်နှင့် ဥက္ကာဟိန်း (၁၆)နှစ် ကျွဲနဖား ကျေးရွာ ပုသိမ်ကြီးမြို့နယ်နေသူတို့ သေဆုံးခဲ့ပြီး ယာဉ်မဆင်မခြင်မောင်းနှင်သူ မြင့်နိုင်အား နောင်ချိုမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
စိုးဝင်း(နောင်ချို) - The Mirror Daily

မှတ်ချက်များ