ကုလသမဂ္ဂ တပ်ဖွဲ့ဝင်အချို့ ဒုက္ခသည်များအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခဲ့ဟု စွပ်စွဲမှုများ ထွက်ပေါ်


ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့ဝင် အချို့သည် ဆင်းရဲနွမ်းပါးသည့် ကမ္ဘာ့နိုင်ငံ အချို့ရှိ ဒုက္ခသည်များအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုများ ပြုလုပ်ခဲ့ကြောင်း စွပ်စွဲမှုများ ထွက်ပေါ်လာခဲ့သည်။
ကုလသမဂ္ဂ၏ အစီရင်ခံစာ တစ်ရပ်၌ ၂၀၀၈ ခုနှစ်မှ ၂၀၁၃ ခုနှစ် အတောအတွင်း ဟေတီနှင့် လိုက်ဘေးရီးယား နိုင်ငံများတွင် ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့ဝင် အချို့သည် အမျိုးသမီးများနှင့် ကလေးများကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားသည်။

လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု ၄၈၀ ထက်မနည်း ဖြစ်ပွားခဲ့ကြောင်း အဆိုပါ အစီရင်ခံစာ ထွက်ပေါ်လာသည့်နောက် ယင်းအခြေအနေကို အပြည့်အဝ အာရုံစိုက် စုံစမ်းရန် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ဘန်ကီမွန်းက တိုက်တွန်းခဲ့သည်။

ဆင်းရဲနွမ်းပါးသော၊ ဆာလောင်မွတ်သိပ်သော အမျိုးသမီးများနှင့် ကလေးများကို ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့ဝင်များက ချဉ်းကပ်ကာ ငွေကြေး၊ လက်ဝတ်ရတနာ၊ အစားအစာ၊ မိုဘိုင်းဖုန်း အစရှိသည်တို့ ပေးအပ်ပြီး တစ်ဖက်တွင် လိင်ဖျော်ဖြေမှုနှင့် ဖလှယ်ရယူခဲ့ခြင်းဟု သိရသည်။ ဟေတီနှင့် လစ်ဗျားတို့တွင် ဖြစ်ပွားခဲ့သည့် လိင်အမြတ်ထုတ်မှု ၄၈၀ ၏ သားကောင်များအနက် သုံးပုံတစ်ပုံခန့်သည် ကလေးငယ်များ ဖြစ်ကြောင်းလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကုလသမဂ္ဂသည် နိုင်ငံပေါင်းစုံမှ စေလွှတ်ထားသည့် ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့ဝင် ၁၂၅၀၀၀ ကျော်ကို ကမ္ဘာအရပ်ရပ်သို့ ဖြန့်ကျက် စေလွှတ်ထားကြောင်း သိရှိရသည်။

7day Daily

မှတ်ချက်များ