မိုးစက်ပညာဒါနပြုပေးတဲ့ ကလေးအားလုံး စာမေးပွဲအောင်လို့ အရမ်းပျော်ပါတယ်
ပရဟိတလုပ်ငန်းများတွင် စိတ်အား ထက်သန်စွာ ပါဝင်လုပ်ဆောင်တတ်ပြီး ကိုယ်တိုင်လည်း မြန်မာ့နှလုံးသားပရဟိတအသင်းကို ဦးစီးတည်ထောင်ထား သူ Miss Universe Myanmar 2013 မိုးစက် ဝိုင်နှင့်တွေ့ဆုံခိုက် လတ်တလော သူလုပ်ဖြစ် သော အကြောင်းအရာများကို မေးမြန်းဖြစ် ခဲ့ပါတယ်။
မေး - မိုးစက်လတ်တလော လုပ်ဖြစ်တဲ့ အကြောင်းအရာ တွေက ဘာတွေဖြစ်မလဲ။
ဖြေ- မိုးစက် ၂ ရက်နေ့ကနေ ၇ ရက် နေ့အထိ မြစ်ကြီး နားမှာ Amazing City အတွက် ရိုက်ကူးရေးသွားခဲ့ပါ တယ်။ ဒီနေ့ ဇွန် ၁ဝ မှ ရန်ကုန်ပြန်ရောက်တာပါ။ ဒီရက် ပိုင်း ခရီးတွေပဲ တောက်လျှောက်ထွက်ဖြစ်နေပါတယ်။
မေး- ဆိတ်ဖူးတောင်မိဘမဲ့ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းကနေ မိုးစက် ပညာဒါနပြုပေးတဲ့ကလေးတွေ တက္ကသိုလ်ဝင်စာမေးပွဲအောင်ကြလား။
ဖြေ - အောင်တယ်။ သုံးယောက်စလုံး အောင်တယ်။ နန်းဝင်းကြည်က ဘောဂဗေဒဂုဏ်ထူးပါတယ်။ တင်တင်ဌေး နဲ့ ဆန်းသစ်ဝေတို့က ရိုးရိုးအောင်တယ်။
မေး - ကိုယ်ပညာဒါနပြုပေးတဲ့ ကလေးတွေ စာမေးပွဲ အောင်တော့ ဘယ်လိုခံစားရလဲ။
ဖြေ- အရမ်းပျော်တာပေါ့။ အောင်စာရင်းထွက်တဲ့နေ့က မိုးစက် နယ်ရောက်နေတော့ မနက်အစောကြီး ဆရာမက ကလေးတွေစာမေးပွဲအောင်တဲ့အကြောင်း မိုးစက်ကိုဖုန်း ဆက်ပြီး ပြောတော့ အရမ်းပျော်ပြီး ပြန်အိပ်လို့တောင် မရ တော့ဘူး။ ကလေးတွေ စာမေးပွဲအောင်တဲ့အကြောင်း ဆိတ်ဖူးတောင်ဘုန်းဘုန်းဆီလည်း ဖုန်းဆက်ပြီး ပြောလိုက် တယ်။
မေး - ကလေးတွေ ပညာရေးအတွက် ဘာဆက်လုပ်ပေး မယ်လို့ ရည်ရွယ်ထားလဲ။
ဖြေ- အခုလောလောဆယ်တော့ မိုးစက်က ကလေးတွေရဲ့ အမှတ်စာရင်းမသိရသေးတော့ သီးခြားအစီအစဉ်တော့မရှိ သေးပါဘူး။ အမှတ် စာရင်းထွက်လာမှ သူတို့နဲ့တွေ့ပြီး စီ စဉ်သွားမယ်လို့ စိတ်ကူးထားတယ်။ ခုနစ်လပိုင်းမှာသူတို့နဲ့သွားတွေ့မယ်။ စာမေးပွဲအောင်ရင် ဆုပေးမယ် ဆိုပြီး သူတို့အတွက် ဝယ်ထားတဲ့ဆုလေးတွေလဲ ရှိတယ်။ သူတို့နဲ့သွားတွေ့ရင် ဆုလေးတွေပေး မယ်။
မေး - နောက်ပိုင်းမှာ အနုပညာအလုပ်တွေရော ဆက် လုပ်ဖြစ်မှာလား။
မေး- မိုးစက်ဝါသနာပါတဲ့အလုပ်တွေ၊ ရိုက်ကူးတာလေး တွေ ဆက်လုပ်ဖြစ်မယ်ထင်တယ်။ ရုပ်ရှင်တွေ ဘာတွေ တော့ မရိုက်ဖြစ်ဘူး။
မေး- ဇွန်လထဲမှာဘာလုပ်ဖို့ရှိလဲ။
ဖြေ- Miss Universe Mandalay ပွဲမှာ Crown စွပ်ပေး ဖို့ရှိမယ်။ အမျိုးသမီးရေးရာပွဲလည်း ပါဝင်ပေးဖို့ရှိပါတယ်။
မေး- မိုးစက်တို့ ပရဟိတအသင်းအနေနဲ့ ဘာတွေ လုပ် ဆောင်ဖို့ အစီအစဉ်ရှိလဲ။
ဖြေ - အခုလောလောဆယ်တော့ မရှိသေးပါဘူး။ အသင်း ရဲ့ ရည်ရွယ်ချက်အတိုင်း မိဘမဲ့ကလေးတွေအတွက် ဆက် လက်ဆောင်ရွက်ပေးဖို့ ရည်မှန်းထားပါတယ်။
မေး- မိုးစက်က ဘောလုံးပွဲဝါသနာပါတော့ မြန်မာဘော လုံးပွဲတွေ ကြည့်ဖြစ်လား။
ဖြေ - မိုးစက် ခရီးသွားနေတော့ ဒီတစ်ခါ သိပ်မကြည့်ဖြစ် ဘူး။ ပထမဆုံး အင်ဒိုနီးရှားနဲ့ ကန်တဲ့ပွဲတော့ ကြည့်လိုက် ရတယ်။ မြန်မာနိုင်သွားတော့ အရမ်းပျော်တယ်။ ဘာလို့ လဲဆိုတော့ ၂ဝ၁၃ ရန်ကုန်မှာကန်တုန်းက အင်ဒိုနီးရှား ကို ရှုံးခဲ့တာကို မိုးစက် မှတ်ထားတာ။ အခု ပြန်နိုင်တော့ အရမ်းပျော်တယ်။ ဆီမီးဖိုင်နယ်တက်သွားတဲ့ မြန်မာယူ ၂၃ အသင်း ၂ဝ၁၅ စင်ကာပူဆီးဂိမ်းမှာ ဗိုလ်စွဲနိုင်ပါစေလို့ မိုးစက်ဆုတောင်းလိုက်ပါတယ်။
မောင်ဗလ - Democracytoday

မှတ်ချက်များ