ဝတဲ့ကလေးတွေက ကျောင်းမှာ စာညံ့ကြတာ ဥာဏ်မကောင်းလို့မဟုတ် - ကျောင်းဆရာတွေရဲ့ သတ်မှတ်မှုကြောင့်သာဖြစ်နေ


ကျွမ်းကျင်သူတွေ လေ့လာချက်အရ ၀တဲ့ကျောင်းသားတွေကို ဆရာတွေက ညံ့တယ်လို့ ထင်လေ့ရှိကြောင်း လေ့လာတွေ့ရှိရပါတယ်။

ကလေးတွေရဲ့ ကိုယ်အလေးချိန်ဟာ သူတို့ရဲ့ စာမေးပွဲရမှတ်တွေအပေါ် ထိခိုက်မှုမရှိကြောင်းလည်း ဖော်ပြထားပါတယ်။

ဝတဲ့ကလေးတွေအပေါ် အထင်အမြင်သေးခြင်းကြောင့် ကျောင်းကနေ အစောကြီးနားပြီး တက္ကသိုလ်ဆက်တက်တဲ့ ကလေးတွေလည်း နည်းပါးသွားပါသတဲ့။

ဝလွန်တဲ့ ကလေးငယ်တွေဟာ ကျန်းမာရေးပြသနာတွေ သာမက ကျောင်းစာမှာလည်း ညံ့ဖျင်းကြပါတယ်။

ဒါပေမယ့် ဒါဟာ ဥာဏ်ရည်ဥာဏ်သွေးကြောင့် မဟုတ်ဘဲ အ၀လွန်တဲ့ကလေးတွေအပေါ်မှာ အထင်အမြင်သေးတဲ့ ဆရာဆရာမတွေရဲ့ အမြင်ကြောင့်လို့ ဆိုပါတယ်။

Birmingham တက္ကသိုလ်မှ စိတ်ပညာရှင် သုတေသနပညာရှင် Angela က ဆရာဆရာမတွေဟာ အ၀လွန်တဲ့ ကလေးတွေကို အထင်အမြင်သေးတယ်လို့ဆိုပါတယ်။

ကလေးတွေရဲ့ ကိုယ်အလေးချိန်အပေါ် မူတည်ပြီး သူတို့ရဲ့ဆရာဆရာမတွေက ကလေးရဲ့စွမ်းဆောင်နိုင်မှုတွေကို တွက်ချက်လေ့ရှိကြပါသတဲ့။

ကလေးတွေရဲ့ ပညာရေးအောင်မြင်မှုကိုပဲ အာရုံထားသင့်ပြီး ကိုယ်အလေးချိန်အပေါ်မှာ ကောက်ချက်မချသင့်ကြောင်း သူကဆိုပါတယ်။ ဆရာဆရာမတွေကို သေချာ Training ပေးဖို့ လိုအပ်တယ်လို့ လည်း ပြောသွားပါတယ်။

(MTN) - သစ်ထူးလွင်
Ref : Dailymail

မှတ်ချက်များ