ထိုင်းနိုင်ငံရှိ ငရဲပြည် ဥယျာဉ် အကြောင်းသိကောင်းစရာများ


ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အပြင်ဘက် ပတ္တယားကို သွားတဲ့လမ်းပေါ်မှာ Wang Saen Suk ဆိုတဲ့ ဥယျာဉ်လေး တစ်ခုရှိပါတယ်။

ထိုဥယျာဉ်ဟာ လူတော်တော်များများကို ဆွဲဆောင်နိုင်ပြီး သာမန်ပန်းဥယျာဉ်များနှင့် မတူဘဲ ဗုဒ္ဓဘာသာဝင်တွေ ယုံကြည်တဲ့ ငရဲပြည်အကြောင်းကို ရုပ်တုများဖြင့် အသက်ဝင်အောင် သရုပ်ဖော်ပြသထားတဲ့ ဥယျာဉ်တစ်ခု ဖြစ်ပါတယ်။

“Welcome to Hell” ဆိုတဲ့ ဆိုင်းဘုတ်ကို ကျော်လာပြီနောက်မှာ တကယ့် ငရဲပြည်ကို ရောက်သွားသကဲ့သို့ အပြစ်ဒဏ်ခံနေရသူတွေ ငရဲသားတွေကို ပုံစံအမျိုးအမျိုးနဲ့ သရုပ်ဖော်ပြသထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။

ခြေတွေ၊ လက်တွေကို တင်းပုတ်နဲ့ ထုနေပုံတွေ၊ လှံနဲ့ထိုး နေတာတွေ၊ ပါးစပ်ထဲကို သံရေပူတွေ လောင်းထည့်တာတွေ၊ ငရဲခွေးတွေ အကိုက်ခံရတာတွေ စတဲ့ အပြစ်ခံနေရပုံ အမျိုးမျိုးကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

“Donate a little each day and you’ll have a happy life” စတဲ့ ပညာပေး စာစုလေးတွေကိုလည်း ဖတ်ရမှာ ဖြစ်ပါတယ်။

ငရဲဆိုတာ ဘာလဲဆိုတာကို ပီပီပြင်ပြင် ဖော်ပြထားတာကြောင့် ထိုသရုပ်ဖော် ရုပ်တုတွေကို မြင်ပြီးတာနဲ့ မကောင်းမှုလုပ်ဖို့ဆိုတာ စိတ်တောင် ကူးဝံ့တော့မှာ မဟုတ်တော့ပါဘူး။


( NSD ) - သစ်ထူးလွင်
Ref : Unusual Places

မှတ်ချက်များ