ဂျပန်မှာ ခေတ်စားနေတဲ့ လေးထောင့်ကွက်အန်စာတုံးပုံစံ အမွေးညှပ်ခွေးလေးများ





ဂျပန်လူမျိုးတွေဟာ သူတို့ခွေးကလေးတွေကို အန်စာတုံးလေးတွေလို ပုံစံဖြစ်အောင် ပြုပြင် ပုံဖော်ပေးနေကြပါတယ်။ တကယ်အဟုတ်ပါ။

သိရသလောက်တော့ ဂျပန်နိုင်ငံက ခွေးချစ်တွေဟာ သူတို့ ခွေးကောင်ပေါက်လေးတွေရဲ့ အမွေးကို စတိုင်လ်အမျိုးမျိုး ပုံဖော်ပေးနေတာတွေဟာ တွေ့နေကျအရာတစ်ခုပဲ ဖြစ်ပါတယ်။

တချို့လူတွေက အန်စာတုံးပုံ လေးထောင့်ကွက်ရှိ မိတ်ဆွေ ခွေးပိုင်ရှင်တွေနဲ့ ခွေးအလှပြပြိုင်ပွဲတွေ ဝင်ကြတယ်လို့ သိရပါတယ်။ တစ်ချို့ကတော့ ချပ်ချွတ်တူအောင် အကောင်းဆုံး ညှပ်ထားကာ ခွေးအမြွှာတွေ လိုက်ရွေးကြပါတယ်တဲ့။ ခုတလော ဂျပန်နိုင်ငံမှာ ခွေးချစ်သူတွေကြား ခေတ်စားနေတဲ့ အရာတစ်ခုလို့ သိရပါတယ်။

ခွေးပုံလေးတွေကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

ပေါ်ထွန်း - Trend Myanmar

မှတ်ချက်များ