တရုတ် စစ်ရေး လေ့ကျင့်မှုတွေ စတင်

တရုတ် စစ်သားဟောင်း တွေ ကိုးကန့် ကို လေ့ကျင့် ပေးနေတယ် လို့ မြန်မာ စွပ်စွဲ 
တရုတ် မြန်မာ နယ်စပ်မှာ တရုတ် ဘက်က ကျည်ဆံ အစစ် တွေကို သုံးပြီး စစ်ရေး လေ့ကျင့်မှုတွေ စတင် နေပြီ ဖြစ်ပါတယ်။

မြန်မာ အစိုးရ တပ်နဲ့ ကိုးကန့် တပ်ဖွဲ့တွေ ကြား တိုက်ပွဲ ဖြစ်နေတဲ့ နေရာ နားမှာ ဒီလို စစ်ရေး လေ့ကျင့်မှု တွေ လုပ်နေတာပါ။

မတ်လက မြန်မာ စစ်လေယာဉ်နဲ့ ဗုံးကြဲခဲ့လို့ တရုတ် ပိုင်နက်ထဲ ကျပြီး လယ်သမား ၅ ယောက် သေဆုံးခဲ့ရပါတယ်။

တရုတ် စစ်သားဟောင်း တွေက ကိုးကန့် တပ်တွေကို စစ်ရေး လေ့ကျင့် ပေးနေတယ် လို့ မြန်မာ ဘက်က စွပ်စွဲ ခဲ့ပေမယ့် တရုတ်နဲ့ ကိုးကန့် ဘက်က ပယ်ချ ခဲ့ပါတယ်။

BBC Burmese

မှတ်ချက်များ