အဲဒီငါးတွေဟာ ပါပူဝါ နယူးဂနီနိုင်ငံကနေ ရောက်လာတာလို့ ယူဆနေကြပါတယ်။
အဲဒီငါးတွေဟာ ကုန်းပေါ်ရောက်ရင် အဆုတ်ကို သုံးပြီး အသက်ရှုနိုင်ပြီး ပါးဟက်နားက အဆူးတွေကို အသုံးပြုပြီး ကုန်းပေါ်မှာ သွားလာနိုင်တဲ့ ငါးအမျိုးအစား ဖြစ်ပါတယ်။
အဲဒီငါးရဲ့ ကျောကုန်းနဲ့ ငါးဟက်းမှာ အဆူးတွေ ရှိနေတာကြောင့် ငါးအကြောင်း မသိတဲ့ ငှက်တွေ၊ တခြား ငါးကြီးတွေ စားမိရင်လည်း ဒုက္ခပေးမယ့် ငါးဖြစ်ပါတယ်။
ပါပူနယူးဂနီ နိုင်ငံဘက်ကို သွားပြီး ငါးမျှားကြတဲ့ လှေတွေကနေတဆင့် အဲဒီ ငါးတွေ သြစတြေးလျနိုင်ငံကို ရောက်လာတာ ဖြစ်မယ်လို့ သုံးသပ်ကြပါတယ်။
အဲဒီငါးတွေ သြစတြေးလျ နိုင်ငံမှာ မပြန့်ပွားအောင် လုပ်ဆောင်ဖို့ ကြိုးစားနေကြပါတယ်။
ABC Radio Australia

မှတ်ချက်များ