အလွန်လှပတဲ့ ကျွန်းစွယ်နိုင်ငံ Fiji အကြောင်း သိကောင်းစရာများ
ဘ၀မှာ လူရယ်လို့ ဖြစ်လာပြီးမှာတော့ ဒီမြို့မှာနေ ၊ ဒီမြို့မှာ ကြီးပြင်းပြီး ဒီ မြို့မှာ ပဲ သေသွားရတာ ဟာ ပျင်းစရာကောင်းလှပါတယ်။ ကမ္ဘာကြီးက ကြီးမားလွန်းတဲ့အလျောက် မိမိ မသိနိုင်တဲ့ ကမ္ဘာကြီးရဲ့ အခြားတစ်ဖက် မှာ အလွန် ဆန်းကြယ်တဲ့ နေရာ ဒေသ တွေရှိနေပါတယ်။
Fiji ဆိုတဲ့ နိုင်ငံလေးအကြောင်း ကို Jim Carrey ရဲ့ Truman Show ဇာတ်ကားထဲမှာ တစ်စွန်းတစ်စ ပြောတာတော့ ကြားဖူးကြမှာပါ။ Fiji နိုင်ငံဟာ သမ္မတ နိုင်ငံ တစ်နိုင်ငံ ပဲဖြစ်ပါတယ်။ Fiji နိုင်ငံဟာ တောင် ပစိဖိတ် သမုဒ္ဒရာ ထဲမှာ တည်ရှိတဲ့ ကျွန်းစွယ် နိုင်ငံ တစ်နိုင်ငံ ပဲ ဖြစ်ပါတယ်။ Fiji ရဲက အရှေ့မြောက် အရပ်မှာတော့ New Zealand နိုင်ငံ တည်ရှိပြီး အရှေ့ဘက်မှာတော့ Tonga နိုင်ငံ တည်ရှိပါတယ်။ အနောက်ဘက်မှာတော့ Vanuatu နိုင်ငံ တည်ရှိနေပါတယ်။
Fiji နိုင်ငံဟာ ကျွန်းစု နိုင်ငံ တစ်နိုင်ငံ ဖြစ်ပြီး ကျွန်းစွယ်ပေါင်း ၃၃၂ ခုရှိကာ ကျွန်းစွယ်ပေါင်း ၁၁၀ ကတော့ အခြေခြ နေထိုင်သူတွေ ရှိနေခဲ့တာ ကြာခဲ့ပါပြီ။ Fiji နိုင်ငံ ရဲ့ ကုန်းမြေ ဧရိယာဟာ ၁၈၃၀၀ စတုန်း ကီလိုမီတာ ကျယ်ဝန်းပါတယ်။ နေထိုင်သူ လူဦးရေ စုစုပေါင်း ၈၆၀၀၀၀ ယောက် ရှိပြီး ထိုလူဦးရေ ရဲ့ ၈၇ ရာခိုင်နှုန်းကတော့ Viti Levu နဲ့ Vanua Levu လို့ခေါ်တဲ့ ကျွန်းစွယ်မြို့တော် တွေမှာ နေထိုင်ကြပါတယ်။
Fiji နိုင်ငံဟာ ပစိဖိတ်ဒေသ မှာ စီးပွားရေး အဖွံ့ဖြိုးဆုံး နိုင်ငံ ဖြစ်ပြီး Fiji ရဲ့ အဓိက စီးပွားရေးကတော့ သစ်တောလုပ်ငန်း ၊ တွင်းထွက် သယံဇာတ နဲ့ ရေလုပ်ငန်း တို့ပဲဖြစ်ပါတယ်။ အဓိက နိုင်ငံခြား ၀င်ငွေကတော့ နယ်လှည့် ခရီးသွား လုပ်ငန်း နဲ့ သကြားတင်ပို့ရောင်းချခြင်းကနေ ရရှိပါတယ်။ Fiji နိုင်ငံရဲ့ ငွေကြေးကတော့ Fijian ဒေါ်လာပဲဖြစ်ပါတယ်။ မြို့တော် ကောင်စီ ကတစ်ဆင့် ဖွဲ့စည်းထားတဲ့ ပြည်တွင်း အစိုးရ ကို တော့ ပြည်တွင်းအစိုးရ နဲ့ မြို့ပြ ဖွံဖြိုးရေး ၀န်ကြီး ဌာန က ကိုင်တွယ် အုပ်ချုပ်တယ်လို့ သိရပါတယ်။
လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၁၅၀ ခန့်ကတည်းက မီးတောင်ပေါက်ကွဲမှုကနေ စတင်ပြီး Fiji ရဲ့ ကျွန်းစွယ် အချို့ဖြစ်ပေါ်လာခဲ့တယ်လို့ သမိုင်းတွေကဆိုပါတယ်။ ဥရောပ တိုက်သားတွေဟာ ၁၇ ရာစုလောက်မှာ Fiji ကို စတင်လည်ပတ်ခဲ့ကြပြီး ၁၈၇၄ ခုနှစ်မှာ ဗြိတိသျှ ကိုလိုနီ နယ်ချဲ့ရဲ့ လက်အောက်ကိုကျရောက်ခဲ့ပါတယ်။ ၁၉၇၀ ခုနှစ်မှာ လွတ်လပ်ရေး ရခဲ့ပြီး ၁၉၈၇ ခုနှစ်မှာ တော့ သမ္မတ နိုင်ငံ တစ်နိုင်ငံ အဖြစ်သို့ ပြောင်းလဲခဲ့ပါတယ်။Fiji နိုင်ငံရဲ့ ဒီမိုကရေစီ မဲပေး ရွေးကောက်ပွဲ စနစ်ကိုတော့ ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၇ ရက်မှာ စတင် ကျင်းပခဲ့တယ်လို့ သိရပါတယ်။
( Mario )
Ref : wiki


မှတ်ချက်များ